News

POST TAGGED AS

DARMIAN

မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းနောက်ခံကစားသမားနှစ်ဦးဖြစ်သည့် ဒါလေးဘလိုင်းနှင့် ဒါမီယန်တို့ကို အရောင်းဈေးကွက်တင်တော့မည်ဟု အသိပေးပြောကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် မန်ယူထံတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည့် ၎င်းတို့၏ကွင်းလယ်ကစားသမားဟောင်း အမ်ခီတာယန်ကို ပြန်လည်ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ပြီး စီးရီးအေကလပ် ရိုးမားအသင်းကလည်း ဒါမီယန်ကို အငှားခေါ်ယူနိုင်ရန် မန်ယူထံသို့ ဆက်သွယ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။