News

POST TAGGED AS

DANNY ROSE

25-Apr-2018 tagged as Soccer Premier League Tottenham Danny Rose
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ အပြင် အသင်းကစားသမားလုခ်ရှောကိုပါ အလိုက်ပေးလိုက်ရန် အစီအစဉ်ရေးဆွဲထားပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် စပါးကစားသမားနှစ်ဦးဖြစ်သည် အယ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကိုခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးနောက်ခံလူ ဒန်နီရို့စ်နှင့် အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်တို့ကို ခေါ်ယူနိုင်ရန် အခွင့်အရေး အပြည့်အ၀ ရရှိထားပါလျက်နှင့် အသင်းတာဝန်ရှိသူများဘက်က ခေါ်ယူပေးရန် ပျက်ကွက်နေခြင်းကြောင့် အလွန်အမင်း ဒေါသပေါက်ကွဲနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
စပါးအသင်း ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်သည် စပါးက အေပိုးလ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၎င်းကို နည်းပြပိုချက်တီနိုက လူစားလဲလှယ်ခဲ့သည့်အတွက် ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးအသင်း ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ အသုံးပြု၍ အရခေါ်ယူရန် ရည်မှန်းနေပြီး အကယ်၍ ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ဒန်နီရို့စ်အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေခဲ့ပါက နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆက်လက် ဆွေးနွေးရန် မော်ရင်ညိုက အစီအစဉ် ရေးဆွဲထားကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်း ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်သည် အာဆင်နယ်က စပါးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြပိုချက်တီနိုက ၎င်းကို ပွဲထွက်ခွင့်မပေးခဲ့သည့်အတွက် မကျေနပ်မှုများရှိနေပြီး နည်းပြပိုချက်တီနိုကမူ ၎င်းအနေနှင့် ဒန်နီရို့စ်ကို ပွဲထွက်ခွင့်မပေးခဲ့သည်မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိတ်မချရသည့်အခြေအနေများကြောင့်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။