News

08-Jan-2018

Soccer Saudi Arabia DAB
DAB အကဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ဆော်ဒီအာရေဗျဘောလုံးကစားသမား အမှုစွဲဆိုခံရ

ရီယတ်ဒ်၊ ဇန်နဝါရီ ၈

ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည့် ဘောလုံးပွဲစဉ်တစ်ခုတွင် ကစားသမားတစ်ယောက်သည် နာမည်ကျော် DAB အကဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ဥပဒေကြောင်းအရ အမှုစွဲဆိုခံလိုက်ရဖြစ်ပြီး ယင်း DAB အကမှာ ဆော်ဒီအာရေဗျနိုင်ငံတွင် ဥပဒေဖြင့် ဆန့်ကျင်သည့်အပြုအမူအဖြစ် သတ်မှတ်ခြင်းခံထားရကြောင်း The Sun က ဖော်ပြထားသည်။

မန်ယူအသင်းကစားသမားများဖြစ်ကြသည့် ပေါ့ဂ်ဘာနှင့် လင်းဂတ်ဒ်တို့သည် ၎င်းတို့ ဂိုးသွင်းယူရရှိချိန်များတွင် DAB အကကိုက၍ အောင်ပွဲခံခဲ့ကြဖူးပြီး ယင်းအကမှာ ဘာသာရေးထုံးတမ်းစဉ်လာများဖြင့် ဆန့်ကျင်သည်ဟုဆိုကာ ဆော်ဒီအာရေဗျအစိုးရအာဏာပိုင်များက တရားမ၀င်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျရဲတပ်ဖွဲ့သည် DAB အကကို ကခဲ့ခြင်းကြောင့် ဘောလုံးကစားသမားတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုခြင်းအား အတည်ပြုခဲ့သော်လည်း ယင်းကစားသမားမှာ မည်သည့်အသင်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသည့် မည်သူမည်ဝါဆိုခြင်းကိုမူ မှတ်ချက်ပေးရန် ငြင်းဆန်နေဆဲဖြစ်သည်။

ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ ပြစ်မှုကျူးလွန်သည်ဟု စွဲချက်တင်ခံလိုက်ရသည့် ဆော်ဒီအာရေဗျဘောလုံးကစားသမားသည် ကွင်းပြင်ပရှိ အရန်ခုံတန်းလျားအနီးတွင် ယင်းအကကို ကခဲ့ခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့ရပြီး ယခုနှစ်အစောပိုင်းက ဆော်ဒီအာရေဗျ နာမည်ကျော်တေးသံရှင်တစ်ဦးမှာ ၎င်း၏ဖျော်ဖြေပွဲတွင် DAB အကကို ကခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးဖြစ်သည်။




FOLLOW US