News

POST TAGGED AS

CROATIA

12-Jul-2018 tagged as Soccer World Cup England Croatia
ခရိုအေးရှားက အင်္ဂလန်ကို အချိန်ပိုသွင်းဂိုးနှင့်အတူ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သောပွဲစဉ်တွင် အင်္ဂလန်လက်ရွေးစင်အသင်း ချေပဂိုး ပြန်လည်ရရှိနိုင်မည့် အခွင့်အရေးကို ကွင်းလယ်ဒိုင်လူကြီး ကူညီကာကီရာက ငြင်းဆန်ပယ်ချခဲ့ကြောင်း ရုပ်သံနှင့်ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီး အင်္ဂလန်မှာ ဘောလုံးဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးချရန် ကြိုးပမ်းခြင်းဖြစ်သည်ကို ဒိုင်လူကြီးက မည်သည့်အတွက် တားမြစ်ခဲ့ရသည်ကို ဖြေရှင်းချက်ပေးစေလိုကြောင်း အင်္ဂလန်ပရိသတ်များက တောင်းဆိုနေကြပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
12-Jul-2018 tagged as Soccer World Cup England Croatia
ခရိုအေးရှားနောက်ခံကစားသမား ဗာဆယ်လ်ကိုသည် ခရိုအေးရှားနှင့် အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်း အရေးနိမ့်သွားခဲ့ရသည်မှာ အင်္ဂလိပ်ရိုးရာ ကန်တင်ပြေးစနစ်ကို အလွန်အကျွံ အသုံးပြုသွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝေဖန်သုံးသပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jul-2018 tagged as Soccer World Cup England Croatia
အင်္ဂလန်နိုင်ငံသား ဘောလုံးပရိသတ်များသည် အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း၏ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခွင့် မျှော်လင့်ချက်ကို တူရကီဒိုင်လူကြီး ကူညက်ကာကီရာက ဓားပြတိုက်သွားခဲ့သည်ဟု စွပ်စွဲပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer World Cup Atletico Madrid Croatia Dalic
အက်သလက်တီကိုအသင်းသည် အင်္ဂလန်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ညာနောက်ခံလူ ဗာဆယ်လ်ကိုကို အရဲစွန့် အသုံးမပြုရန် ခရိုအေးရှားအသင်းထံသို့ အကြောင်းကြားစာပေးပို့ထားကြောင်း Daily Mail က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer World Cup Vida Croatia
ခရိုအေးရှားနောက်ခံကစားသမား ဗီဒါသည် ခရိုအေးရှားက ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အပြီးတွင် နိုင်ငံရေးနှင့်မလွတ်ကင်းသည့် စကားရပ်များပြောကြား၍ အောင်ပွဲခံခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။