News

POST TAGGED AS

CRISTIANO RONALDO

02-Jul-2018 tagged as Soccer Cristiano Ronaldo World Cup Portugal
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဥရုဂွေးက ပေါ်တူဂီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများက ၎င်းကို ဝိုင်းဝန်း၍ လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်မည်၊ မသတ်မည် မေးခွန်းထုတ်ခဲ့ခြင်းအား အဖြေပေးရန် ငြင်းဆန်သွားခဲ့ပြီး လက်ရှိကာလမှာ အနာဂတ်အကြောင်းကိုပြောရန် သင့်တော်မှန်ကန်သည့်အချိန်မဟုတ်ဟု စီရော်နယ်ဒိုက အသိပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် ပွဲစဉ် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုမူ မိုနာကိုနည်းပြ ယာဒင်းကို ရယူသွားနိုင်ခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိ ၂၀၁၇-၁၈ ဘောလုံးရာသီ၏လာလီဂါဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကို ၎င်းရယူပြမည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ၁၁ ဂိုးအကွာဖြစ်နေသောအချိန်ကတည်းကပင် ၎င်း၏ရီးရဲလ်မက်ဒရစ်အသင်းဖော်များနှင့် အလောင်းအစား လုပ်ထားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို ပင်နယ်တီကန်သွင်း၍ ရယူသွားသော သွင်းဂိုးသည် စည်းမျဉ်းဥပဒေသတ်မှတ်ချက်နှင့်အညီ ဆုံးဖြတ်မည်ဆိုပါက ပယ်ဖျက်ရမည့် သွင်းဂိုးအမျိုးအစားဖြစ်သည်ဟု The Sun က ထောက်ပြထားကြောင်း Sportmail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ် ပထမအကျော့တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အသင်းတစ်သင်းတည်းကို ကိုယ်စားပြု၍ သွင်းဂိုး ၁၀၀ ရယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ရှိသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟားဇတ်၏အပြောင်းအရွှေ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ချယ်လ်ဆီးထံသို့ ရောက်လာနိုင်သည့်အခြေအနေများရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်အပြီးတွင် လာလီဂါပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် ပင်နယ်တီကန်သွင်းမှု အကြိမ်အရေအတွက် အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း OPTA က ဖော်ပြထားသည်။
ဖာဂူဆန်ခေတ်အလွန် မန်ယူဆီကို ရောက်လာတဲ့ နည်းပြတိုင်းဟာ သူတို့နည်း သူတို့ဟန်နဲ့ ကျောနံပါတ် ၇ လက်သစ် ကစားသမားတစ်ဦးစီကို စင်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မန်ယူရဲ့ကျောနံပါတ် ၇ ဆိုတာကလည်း တော်တန်ရုံ အရှိန်အဝါမျိုး မဟုတ်ပါဘူး။ ဒီကျောနံပါတ်ကို ဆက်ခံခွင့်ရတဲ့ ကစားသမားဟာ သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးဖို့ အခွင့်အရေးရတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ မန်ယူရဲ့ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ဖြတ်သန်းမှုကို တည်ထောင်ခဲ့ကြသူတွေပါ။ အဲ့ဒီမတိုင်ခင်ကလည်း ဂျော့ခ်ျဘက်စ်နဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့လို ပရိသတ်ချစ် ကျောနံပါတ် ၇ ကစားသမားတွေ မန်ယူဆီမှာ ရှိခဲ့ဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လက်ရှိအချိန်တွင် လုပ်ခလစာတိုးမြှင့်ပေးချေရန် အစီအစဉ် မရှိကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး ယင်းအချက်ကြောင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စီရော်နယ်ဒိုမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာ၍ အသင်းပြောင်းဖွယ်အခြေအနေများ ဖြစ်ပေါ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။