News

POST TAGGED AS

COUTINHO

25-Jun-2018 tagged as Soccer World Cup Brazil Coutinho
ဘရာဇီးလက်ရွေးစင် နောက်ခံစားသမားဟောင်း ရောဘတ်တိုကားလို့စ်သည် လက်ရှိအချိန်တွင် ဘရာဇီးအသင်းနှင့်ပတ်သက်၍ နေမာအကြောင်းကိုသာ လူတိုင်းက ပြောနေသော်လည်း အသင်းအတွက် အမှန်တကယ် အရေးပါသူမှာ နေမာ မဟုတ်ဘဲ ကော်တင်ညိုသာဖြစ်သည်ဟု မှတ်ချက်ပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
14-Feb-2018 tagged as Soccer La Liga Barcelona Coutinho Gremio Arthur
ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ညိုသည် ဘရာဇီးကလပ် ဂရီမီယိုကွင်းလယ်လူ အာသာကို ဘာစီလိုနာအသင်း ခေါ်ယူနိုင်စေရေးအတွက် နိုင်ငံသားပြောင်းလဲခံယူရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးက မန်စီးတီးကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုနိုင်ပွဲအတွက် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်သော လီဗာပူးကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုမှာလည်း နေအိမ်ဧည့်ခန်းအတွင်း၌ ခုန်ပေါက်အောင်ပွဲခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
14-Jan-2018 tagged as Soccer La Liga Barcelona Coutinho Arda Turan
ဘာစီလိုနာကွင်းလယ်ကစားသမား အာဒါတူရန်သည် တူရကီကလပ် ဘာဆက်ခ်ဆီဟာထံသို့ ၂ နှစ်ခွဲသက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ကာ ယင်းသို့ အာဒါတူရန် အသင်းပြောင်းသွားခဲ့သည့်အတွက် အာဒါတူရန် ၀တ်ဆင်ခဲ့သော ကျောနံပါတ် ၇ ကို ကော်တင်ညိုအနေနှင့် ဆက်ခံလိုပါက ဆက်ခံနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းတာဝန်ရှိသူများက အခွင့်အရေးပေးအပ်ထားပြီဟု Marca က ဖော်ပြထားသည်။
09-Jan-2018 tagged as Soccer La Liga Barcelona Coutinho Jordi Mestre
ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ဂျော်ဒီ မက်စ်ထရီသည် ၎င်းတို့အနေနှင့် ကော်တင်ညိုကို လျှော့ဈေးတစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ပြီး လီဗာပူးမှာ လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ကော်တင်ညို၏တန်ကြေးကို ယူရိုသန်း ၂၀၀ အထိ တောင်းဆိုကာ ဈေးတင်းခံခဲ့သည်ဟုလည်း မက်စ်ထရီက ရှင်းပြသွားခဲ့သေးကြောင်း BBC က ဖော်ပြထားသည်။
08-Jan-2018 tagged as Soccer La Liga Barcelona Coutinho Suarez
ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်ကစားသမား ကော်တင်ညိုနှင့် ကော်တင်ညို၏မိသားစုနေထိုင်ရန်အတွက် နေအိမ်ကို ကော်တင်ညို ပြောင်းရွှေ့ရောက်မလာမီကပင် တင်ကြိုရှာဖွေပေးထားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော လီဗာပူးနောက်ခံကစားသမား ကာရေဂါသည် လီဗာပူးအသင်းတာဝန်ရှိသူများကို ကော်တင်ညိုအား ရောင်းချလိုက်ရာကတစ်ဆင့်ရရှိသော ပြောင်းရွှေ့ကြေးများကို အသင်းအတွက် အကျိုးရှိစွာ ပြန်လည်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Jan-2018 tagged as Liverpool Soccer La Liga Barcelona Coutinho
ဘာစီလိုနာအသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၄၅ သန်းဖြင့် ၀ယ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ကော်တင်ညိုနှင့် ဘာစီလိုနာအသင်းအကြား၌ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂ ဒသမ ၂ သန်းဖြင့် ခေါ်ယူရရှိနိုင်မည့် အခွင့်အရေးတစ်ရပ်ကို လက်လွှတ်ခဲ့ဖူးပြီး ယင်းအချိန်က ရီးရဲလ်မက်ဒရစ်၏ကစားသမားရွေးချယ်မှုမှာ မှားယွင်းသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃၃ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်ပြီး ဘာစီလိုနာပရိသတ် ၇၀ ရာခိုင်နှုန်းကလည်း ကော်တင်ညိုကို အသင်းထံသို့ ခေါ်ယူပေးပါရန် လက်မှတ်ရေးထိုး တောင်းဆိုထားပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။