News

POST TAGGED AS

COURTOIS

07-Feb-2018 tagged as Soccer Premier League Chelsea Courtois Madrid
ချယ်လ်ဆီးဂိုးသမား ကော်တွာသည် ၎င်း၏နှလုံးသားထဲတွင် မက်ဒရစ်မြို့နှင့်ပတ်သက်သော အကြောင်းအချင်းအရာများအားလုံး ကိန်းဝပ်တည်ရှိဆဲဖြစ်ပြီး တစ်နေ့နေ့တွင် မက်ဒရစ်မြို့သို့ ပြန်လည်ပြောင်းရွှေ့အခြေချဖြစ်လိမ့်မည်ဟု ဖွင့်ဟပြောကြားလိုက်ခြင်းကြောင့် ချယ်လ်ဆီးထံတွင် ၎င်းဆက်ရှိနေရန်မှာ မသေချာမှုများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနှင့် ချယ်လ်ဆီးတို့သည် ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ဂိုးသမားများကို ခေါ်ယူရန် ကြိုးပမ်းလာသည့်အတွက် ဂိုးသမားသစ်ခေါ်ယူရန် ပစ်မှတ်များ အသီးသီးထားရှိနေကြပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ၎င်းတို့၏ပွဲထွက်ဂိုးသမား ဒီဂီယာကို ရီးရဲလ်မက်ဒရစ်က တစ်ကျော့ပြန်လည် ဆက်သွယ်ကမ်းလှမ်းဖွယ်အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် စိုးရိမ်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ပွဲထွက်ဂိုးသမား ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ခွင့်ပေးလိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားကိုခေါ်ယူရန် ချိတ်ဆက်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
25-Nov-2017 tagged as Soccer Premier League Conte Chelsea Courtois
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတာဝန်ရှိသူများကို ဂိုးသမားကော်တွာအား စာချုပ်သစ်တစ်ရပ် အမြန်ဆုံးလက်မှတ်ရေးထိုးပေးပါရန် တိုက်တွန်းလိုက်ပြီဖြစ်ပြီး စာချုပ်သစ်လက်မှတ်ရေးထိုးရေးတွင် ကော်တွာနှင့် ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့အကြား အဓိကဆွေးနွေးရမည်မှာ ကစားသမားဖြစ်သူဘက်က တောင်းဆိုထားသည့် လုပ်ခလစာပင်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။