News

POST TAGGED AS

CONTE

30-Jul-2018 tagged as Soccer Conte Serie A AC Milan
အေစီမီလန်အသင်းသည် ချယ်လ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခြင်းခံလိုက်ရသော ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-May-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏အနာဂတ်ကို အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျအား ဆုံးဖြတ်ခွင့်ပေးမည်မဟုတ်ဘဲ ၎င်းကိုယ်တိုင်သာ ဆုံးဖြတ်သွားမည်ဟု အသိပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် ကွန်တီမှာ ရာထူးထုတ်ပယ်ခံရခြင်းအစား ရာထူးနုတ်ထွက်သည့်နည်းလမ်းကို ရွေးချယ်လာနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏လက်ထက်တွင် ချယ်လ်ဆီးအသင်း၏စွမ်းဆောင်ရည်များမှာ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်စဉ်ကထက် များစွာ တိုးတက်လာခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ကွန်တီမှာ အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီတွင် မော်ရင်ညိုကို စိတ်ဓာတ်စစ်ဆင်ရေးသဘောဖြင့် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း Mail Online က ဖော်ပြထားသည်။
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာဖြစ်ခဲ့ပါက အီတလီနိုင်ငံတွင် နည်းပြဘ၀ကို ဆက်လက်ဖြတ်သန်းတော့မည်မဟုတ်ဘဲ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့တော့မည်ဟု အသိပေးလိုက်ပြီဖြစ်ပြီး ၎င်းတာဝန်ယူလိုသည်မှာ ပရီးမီးယားလိဂ်အသင်းဖြစ်သည်ဟုလည်း အယ်လ်လီဂရီက ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
02-Apr-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လာမည့်ဘောလုံးရာသီတွင် ၎င်းအနေနှင့် ချယ်လ်ဆီးနည်းပြအဖြစ် ဆက်ရှိနိုင်ရန် မသေချာတော့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး ၎င်းအနေနှင့် အသင်းကို ပရီးမီးယားလိဂ်၌ အဆင့်တစ်မှ အဆင့်လေးအတွင်း ရပ်တည်နိုင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့်တိုင် အခန့်မသင့်ပါက ရာထူးထုတ်ပယ်ခံရသည့်အခြေအနေမျိုးဖြစ်လာနိုင်သည်ဟု ကွန်တီက ပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
04-Feb-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းအနေနှင့် အသင်းကြီးတစ်သင်းအဆင့်သို့ ပြန်လည်တက်လှမ်းရောက်ရှိနိုင်ရန် အခြားသောအသင်းများကဲ့သို့ ကစားသမားရှစ်ဦး ခေါ်ယူရန် မလိုအပ်ဘဲ ကစားသမားသုံးဦး ခေါ်ယူလိုက်ရုံမျှဖြင့် အဆင်ပြေနိုင်ကြောင်း အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
01-Feb-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်း၌ ဘုန်းမောက်က ချယ်လ်ဆီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် လက်ရှိအချိန်၌ ရာထူးထုတ်ပယ်ခံရမည်ကို မစိုးရိမ်ဘဲ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရနိုင်မည်ကိုသာ စိုးရိမ်ပူပန်လာမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
27-Jan-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းမတိုင်မီကာလတွင် ချယ်လ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့်နည်းပြများ မည်သည့်အတွက်ကြောင့် ရာထူးထုတ်ပယ်ခံရသည်ဆိုခြင်းကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီဟု ဖွငု့်ဟပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jan-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးအသင်းသည် လက်စတာနှင့် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးမရှိသရေရလဒ်ဖြင့် သုံးပွဲဆက်တိုက် ပထမဆုံးအကြိမ်အဖြစ် ကြုံဆုံလိုက်ရပြီဖြစ်ကာ လက်ရှိအခြေအနေများအရ ၎င်းတို့အနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရနိုင်ရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မည်ဖြစ်ကြောင်း နည်းပြကွန်တီကလည်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
13-Jan-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီးကိုစွန့်ခွာဖြစ်နိုင်ကြောင်း အရိပ်အမြွက် အသိပေးလိုက်ပြီဖြစ်ပြီး ဘောလုံးလောကတွင် မဖြစ်နိုင်သော အရာဟူသည်မှာ မရှိဘဲ အရာရာမှာ ဖြစ်နိုင်ခြေအပြည့်ရှိကြောင်း ကွန်တီက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။