News

POST TAGGED AS

CHINESE SUPER LEAGUE

တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းသည် အသင်းကို အင်အားဖြည့်တင်းရန်အတွက် အက်သလက်တီကိုကွင်းလယ်လူ ဂိုင်တန်နှင့် တိုက်စစ်တောင်ပံကစားသမား ကာရတ်စ်ကိုတို့ကို ခေါ်ယူလိုက်ပြီဖြစ်ပြီး ဆက်လက်၍လည်း တိုက်စစ်မှူး တောရက်စ်ကို ၀ယ်ယူခွင့်ရနိုင်ရန် ဒါလီယန်ယီဖန်းက အက်သလက်တီကိုနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
တရုတ်ကလပ်အသင်းတစ်သင်းဖြစ်သည့် Meixian Techand သည် လိဂ်-၂ မှနေ၍ လိဂ်-၁ သို့ တန်းတက်ရောက်နိုင်ခဲ့သည့်အတွက် အသင်းကစားသမားတစ်ဦးချင်းစီကို ပေါင်သုံးသန်းစီ ဆုကြေးအကျိုးခံစားခွင့် ပေးအပ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။