News

POST TAGGED AS

CHELSEA

08-May-2018 tagged as Soccer Premier League Chelsea Morata Juventus
ဂျူဗင်တပ်အသင်းသည် ၎င်းတို့၏ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကစားဟန်နှင့် အံမ၀င်နိုင်ဖြစ်နေသည်ကို စိတ်ပျက်သည့်အတွက် မိုရာတာက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-May-2018 tagged as Soccer Premier League Chelsea Serie A Sarri
နာပိုလီနည်းပြ ဆာရီသည် အီတလီစီးရီးအေပြိုင်ပွဲကို ဂျူဗင်တပ်တစ်သင်းတည်းကသာ ကြီးစိုးထားသည့်အခြေအနေကို လွန်စွာ စိတ်ကုန်နေပြီဖြစ်ပြီး ၎င်းအနေနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အီတလီကို စွန့်ခွာလိုကြောင်းလည်း ဆာရီက အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လက်ရှိဘောလုံးရာသီတွင် အသင်းရုန်းကန်နေရခြင်းမှာ အဓိကဒိုင်ခံဂိုးသွင်းပေးနိုင်သူ ကစားသမားမရှိခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ခေါ်ယူရန်အတွက် မန်ယူ၊ ချယ်လ်ဆီးတို့နှင့်အပြိုင် ကြိုးပမ်းသွားတော့မည်ဖြစ်ပြီး နိုင်ဂိုလန်၏တန်ကြေးကို ရိုးမားက ပေါင် ၄၅ သန်းသတ်မှတ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
18-Apr-2018 tagged as Soccer Premier League Chelsea
ချယ်လ်ဆီးအသင်းသည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် အသင်းနည်းပြအဖြစ် မည်သူ့ကို ထားရှိသွားမည်ဆိုခြင်းကို တိကျသေချာစွာ မဆုံးဖြတ်ရသေးသည့်အတွက် နွေဈေးကွက် အစီအမံ လျာထားချက်များ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ၎င်းတို့၏တိုက်စစ်မှူး ဘတ်ရွှာယီအား အပြီးသတ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ပေးရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ဘတ်ရွှာယီအပြောင်းအရွှေ့အတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ ဆွေးနွေးမှုများရှိလာနိုင်ကြောင်း Daily Star က ဖော်ပြထားသည်။
16-Apr-2018 tagged as Soccer Premier League Chelsea Mata Williams
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ချယ်လ်ဆီးကွင်းလယ်လူ ၀ီလျံကို အရခေါ်ယူနိုင်ရန် ရည်ရွယ်ထားပြီဖြစ်ပြီး ၀ီလျံကိုခေါ်ယူရရှိခဲ့မည်ဆိုပါက မာတာကို လက်လွှတ်လိုက်ရန်အထိပင် မော်ရင်ညိုက ဆုံးဖြတ်ထားကြောင်း The Mirror က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer Premier League Chelsea Jokanovic
ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်လျာထားစာရင်းတစ်ခုကို ရေးဆွဲထားပြီးဖြစ်ကာ လက်ရှိတွင် ယင်းနည်းပြသစ်လျာထားစာရင်း၌ ဖူလ်ဟမ်နည်းပြ ဂျိုကာနိုဗစ်ကိုလည်း ၎င်းတို့က ထည့်သွင်းထားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမားအချို့နှင့် စကားအချေအတင်ဖြစ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး ကွန်တီ၏ ၃-၄-၃ နည်းစနစ်ကို ချယ်လ်ဆီးကစားသမားအချို့က လက်ရှိအသင်းအစုအဖွဲ့နှင့် အဆင်မပြေနိုင်ဟု ထောက်ပြမှုများလည်း ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် လာမည့်ဘောလုံးရာသီအတွက် မည်သည့်အစီအစဉ်ကိုမျှ ရေးဆွဲထားခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်ခြင်းကြောင့် ချယ်လ်ဆီးနည်းပြအဖြစ် ကွန်တီ ဆက်ရှိရန်မှာ မသေချာမှုများဖြင့် ပြည့်နှက်သွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။