News

POST TAGGED AS

CHELSEA

24-May-2018 tagged as Soccer Premier League Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် အီတလီနိုင်ငံ မီလန်မြို့သို့ ဈေးဝယ်ထွက်ရန် အလည်အပတ်ခရီးသွားရောက်ခဲ့စဉ်တွင် ဂျူဗင်တပ်ဒါရိုက်တာ ပါရာတီစီနှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး ယင်းသို့တွေ့ဆုံခဲ့ရာတွင် မိုရာတာ၏အေးဂျင့်ဖြစ်သူ ဟွမ်မာလိုပက်ဇ်လည်း ပါဝင်ခဲ့သည့်အတွက် ချယ်လ်ဆီးကို ကျောခိုင်းစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ မိုရာတာ ပြောင်းရွှေ့သွားနိုင်သည့်သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်လိုက်ရန် ကျိန်းသေလုနီးပါးရှိသွားခဲ့ပြီဖြစ်ကာ နာပိုလီနည်းပြ ဆာရီမှာ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် လွန်စွာနီးစပ်လျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။
22-May-2018 tagged as Soccer Premier League Chelsea Abramovich
ဗြိတိန်ရဲတပ်ဖွဲ့သည် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျ၏ပိုင်ဆိုင်မှုများနှင့် ၀င်ငွေလည်ပတ်စီးဆင်းမှုများကို စစ်ဆေးတော့မည်ဖြစ်၍ ချယ်လ်ဆီးအသင်းအတွက် စိုးရိမ်ရဖွယ် အခြေအနေများ ဖြစ်ပေါ်ကောင်းဖြစ်ပေါ်လာနိုင်ကြောင်း Mail Online က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး လီဝန်ဒေါစကီးကို ရရှိမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏကို ပေါင်သန်း ၁၀၀ အသုံးပြုရန်အထိ ချယ်လ်ဆီးက ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် နည်းပြ ကွန်တီကို လာမည့် ၄၈ နာရီအတွင်း၌ ရာထူးထုတ်ပယ်လိုက်ရန် စီစဉ်နေပြီဖြစ်ပြီး နည်းပြသစ်အဖြစ် အင်းနရစ်ကို ခန့်အပ်နိုင်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းနေကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတာဝန်ရှိသူများကို ၎င်းအား ရာထူးထုတ်ပယ်ပါက ကြီးစွာသော အမှားကျူးလွန်မှုကြီးဖြစ်သွားလိမ့်မည်ဟု ပြင်းပြင်းထန်ထန် သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-May-2018 tagged as Soccer Premier League Chelsea Courtois
ချယ်လ်ဆီးပွဲထွက်ဂိုးသမား ကော်တွာသည် ၎င်းအနေနှင့် ချယ်လ်ဆီးကစားသမားအဖြစ် ဆက်ရှိမည်၊ မရှိမည်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်၌ အတိအကျ သိရှိခွင့်ရလိမ့်မည် ထုတ်ဖော်ပြောကြားလိုက်သည့်အတွက် ၎င်း၏အနာဂတ်မှာ တစ်ကျော့ပြန်လည် လှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုဗိုလ်လုပွဲတွင် ပိုကောင်းသည့်အသင်းက ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
13-May-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏အနာဂတ်ကို အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျအား ဆုံးဖြတ်ခွင့်ပေးမည်မဟုတ်ဘဲ ၎င်းကိုယ်တိုင်သာ ဆုံးဖြတ်သွားမည်ဟု အသိပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် ကွန်တီမှာ ရာထူးထုတ်ပယ်ခံရခြင်းအစား ရာထူးနုတ်ထွက်သည့်နည်းလမ်းကို ရွေးချယ်လာနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏လက်ထက်တွင် ချယ်လ်ဆီးအသင်း၏စွမ်းဆောင်ရည်များမှာ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်စဉ်ကထက် များစွာ တိုးတက်လာခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ကွန်တီမှာ အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီတွင် မော်ရင်ညိုကို စိတ်ဓာတ်စစ်ဆင်ရေးသဘောဖြင့် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း Mail Online က ဖော်ပြထားသည်။