News

POST TAGGED AS

CHELSEA

16-Jul-2018 tagged as Soccer Premier League Chelsea Juventus Higuain
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကိုခေါ်ယူနိုင်ရန်အတွက် လွန်စွာအခြေအနေ ကောင်းမွန်သွားခဲ့ပြီဖြစ်ကာ ဟီဂူအင်၏အေးဂျင့်ဖြစ်သူနှင့် ချယ်လ်ဆီးအသင်းအကြားတွင် အပြောင်းအရွှေ့ဆိုင်ရာ နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို မနက်ဖြန်(ဗုဒ္ဓဟူးနေ့)တွင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
15-Jul-2018 tagged as Soccer Chelsea Real Madrid Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံက အင်္ဂလန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားတတိယနေရာလုပွဲအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် ချယ်လ်ဆီးကိုစွန့်ခွာ၍ အသင်းသစ်တစ်သင်းထံသို့ ပြောင်းရွှေ့ရန် အသင့်ရှိနေပြီဟု အတိအလင်း ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jul-2018 tagged as Soccer Premier League Chelsea Jorginho
ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ခေါ်ယူခန့်အပ်အပြီး နာရီပိုင်းအတွင်း၌ပင် လက်ရှိနွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းအတွက် ပထမဆုံးသော ကစားသမားခေါ်ယူမှုကို ဆောင်ရွက်လိုက်ပြီး ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူမှာ နာပိုလီထံတွင် နည်းပြဆာရီနှင့်တွဲဖက်ညီခဲ့သော ကွင်းလယ်လူ ဂျော်ဂျင်ညိုဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jul-2018 tagged as Soccer Premier League Chelsea Juventus Higuain
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ တရားဝင်စတင်လိုက်ပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းမှာ ဟီဂူအင်၏တန်ကြေးကို ပေါင် ၅၃ သန်း သတ်မှတ်တောင်းဆိုနေကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jul-2018 tagged as Soccer Premier League Chelsea Sarri
ချယ်လ်ဆီးအသင်းသည် ကြိုတင်သတင်းများထွက်ပေါ်နေခဲ့သည့်အတိုင်းပင် နာပိုလီနည်းပြဟောင်း ဆာရီကို အသင်းနည်းပြသစ်အဖြစ် သုံးနှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ ကွန်တီကို ရာထူးထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး နည်းပြသစ်ခန့်အပ်မှုကို အမြန်ဆုံးဆောင်ရွက်ရန်လည်း ၎င်းတို့က စီစဉ်နေပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းကစားသမားအများစုသည် အသင်းထံတွင် နည်းပြကွန်တီ ဆက်ရှိနေရန် ရာခိုင်နှုန်းများနေခြင်းကြောင့် အသင်းပြောင်းရန် စီစဉ်နေကြပြီဖြစ်ပြီး ဂိုးသမား ကော်တွာနှင့် တိုက်စစ်တောင်ပံကစားသမား ဟားဇတ်တို့ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူရန် အခြေအနေများရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ဘရာဇီးအသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရအပြီးတွင် ဝီလျံအပြောင်းအရွှေ့နှင့်သက်ဆိုင်သော ဆွေးနွေးမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းလိုက်ပြီဖြစ်ပြီး ၎င်း၏တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ ဝီလျံကို မန်ယူထံသို့ခေါ်ယူနိုင်လိမ့်မည်ဟု မော်ရင်ညိုက အခိုင်အမာ ယုံကြည်ထားဆဲဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer Premier League Chelsea Golovin Higuain
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ယခုသီတင်းပတ်အတွင်း တရားဝင်ခန့်အပ် မိတ်ဆက်တော့မည်ဖြစ်ပြီး လက်ရှိတွင် ဆာရီအလိုရှိသည့် ကစားသမားအချို့ကို အသင်းထံသို့ခေါ်ယူရန်အတွက် ကမ်းလှမ်းမှုများ စတင်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက စီစဉ်နေပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer Chelsea AS Roma Kasper Schmeichel
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးနှင့် စီးရီးအေကလပ် ရိုးမားတို့သည် ၎င်းတို့၏ပွဲထွက်ဂိုးသမားများကို လက်လွှတ်ရဖွယ်ရှိနေခြင်းကြောင့် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်ကို ခေါ်ယူရန် အပြိုင်အဆိုင် ကမ်းလှမ်းဆက်သွယ်နေကြပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။