News

POST TAGGED AS

CHELSEA

လက်စတာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ၎င်းတို့၏ကစားသမားများဖြစ်သည့် မာဂွီရေးနှင့် ကန်တေတို့ကို ထိပ်တန်းအဆင့် လုပ်ခလစာအကျိုးခံစားခွင့်များပေးအပ်၍ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အသီးသီး ကြိုးပမ်းနေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Jul-2018 tagged as Soccer Premier League Chelsea Arsenal Ramsey
ချယ်လ်ဆီးအသင်းသည် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီကမူ ရမ်ဆေးမှာ စာချုပ်သစ် လက်မှတ်ရေးထိုးပြီး အသင်းထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိမ့်မည်ဟု မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဝီလျံကို ခေါ်ယူရန်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကာ ဝီလျံကိုခေါ်ယူရန်အတွက် မန်ယူကမ်းလှမ်းထားသော ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၆၆ သန်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Jul-2018 tagged as Soccer Premier League Chelsea Hazard
ချယ်လ်ဆီးနည်းပြသစ် ဆာရီသည် ဟားဇတ်ကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် နည်းလမ်းရှာဖွေလျက်ရှိပြီး လက်ရှိတွင် ၎င်းက ဟားဇတ်အနေနှင့် အသင်းအတွက် ဆက်လက်ကစားပေးမည်ဆိုပါက အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ခွင့်ရရှိလိမ့်မည်ဟု မက်လုံးတစ်ရပ် ပေးအပ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
23-Jul-2018 tagged as Soccer Premier League Chelsea Sarri
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ် ဆာရီ စိတ်လွတ်ကိုယ်လွတ် ဆေးလိပ်သောက်နိုင်စေရန်အတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းအတွင်း၌ သီးသန့်နေရာတစ်ခု စီစဉ်ပေးသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Jul-2018 tagged as Soccer Premier League Chelsea Sarri
ချယ်လ်ဆီးနည်းပြသစ် ဆာရီသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို အထိုင်ချမည့် ကစားဟန်အား ရာသီကြိုခြေစမ်းပွဲများတွင် စတင်စမ်းသပ်သွားတော့မည်ဖြစ်ပြီး ၎င်း၏နည်းဗျူဟာတွင် အသစ်ခေါ်ယူထားသော ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုမှာ အခရာကျသူဖြစ်လာလိမ့်မည်ဟု ဆာရီက ပြောကြားထားကြောင်း Daily Star က ဖော်ပြထားသည်။
19-Jul-2018 tagged as Soccer Premier League Chelsea Williams Sarri
နည်းပြ ကွန်တီလက်ထက်၌ ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော ချယ်လ်ဆီးကွင်းလယ်ကစားသမား ဝီလျံသည် အသင်းနည်းပြသစ်အဖြစ် ဆာရီ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း အသင်းပြောင်းရန်သာ စိတ်ဆန္ဒရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ် ဆာရီသည် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေသည့် အသင်းတိုက်စစ်တောင်ပံကစားသမား ဟားဇတ်နှင့် ဂိုးသမားကော်တွာတို့ကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု အသိပေးပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးနှင့် လီဗာပူးတို့သည် ရိုးမားဂိုးသမား အယ်လ်လီဆန်ကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင် ကမ်းလှမ်းဆက်သွယ်နေကြပြီဖြစ်ပြီး ချယ်လ်ဆီးမှာ အသင်းပွဲထွက်ဂိုးသမား ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ လက်လွှတ်လိုက်ရမည့်အခြေအနေကြောင့်လည်းကောင်း၊ လီဗာပူးမှာ အသင်းပွဲထွက်ဂိုးသမား ကာရီးရပ်စ်၏လက်စွမ်းကို စိတ်မချရသော အခြေအနေကြောင့်လည်းကောင်း အယ်လ်လီဆန်ကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
16-Jul-2018 tagged as Soccer Premier League Chelsea Juventus Higuain
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကိုခေါ်ယူနိုင်ရန်အတွက် လွန်စွာအခြေအနေ ကောင်းမွန်သွားခဲ့ပြီဖြစ်ကာ ဟီဂူအင်၏အေးဂျင့်ဖြစ်သူနှင့် ချယ်လ်ဆီးအသင်းအကြားတွင် အပြောင်းအရွှေ့ဆိုင်ရာ နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို မနက်ဖြန်(ဗုဒ္ဓဟူးနေ့)တွင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။