News

POST TAGGED AS

CHELSEA

ချယ်လ်ဆီးအသင်းသည် ဘီလ်ဘာအိုဂိုးသမား ကီပါ အာရီဇာဘလာဂါကိုခေါ်ယူရန် အပြီးသတ်သဘောတူညီမှုတစ်ရပ် ရယူလိုက်နိုင်ပြီဖြစ်ပြီး ကီပါအပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းကြောင့် အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိတော့သော ပွဲထွက်ဂိုးသမား ကော်တွာကို ချယ်လ်ဆီးက ရီးရဲလ်မက်ဒရစ်ထံသို့ လက်လွှတ်ပေးလိုက်ရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ဂိုးသမားကော်တွာ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦးခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး အက်သလက်တီကိုဂိုးသမား အော့ဘ်လတ်ခ်၊ အေစီမီလန်ဂိုးသမားများဖြစ်သည့် ဒွန်နာရမ်းမားနှင့် ရေနာ၊ စတုတ်စီးတီး ဘတ်လန်းတို့မှာ ချယ်လ်ဆီးနည်းပြ ဆာရီ၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေကြောင်း The Mirror က ဖော်ပြထားသည်။
07-Aug-2018 tagged as Soccer Premier League Chelsea Courtois
ချယ်လ်ဆီးဂိုးသမား ကော်တွာသည် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန် လွန်စွာနီးစပ်သွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြ ဆာရီမှာ ကော်တွာ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဂိုးသမားသစ်တစ်ဦး စတင်ရှာဖွေနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
07-Aug-2018 tagged as Soccer Premier League Chelsea Nabil Fekir Lyon
ချယ်လ်ဆီးအသင်းသည် လိုင်ယွန်ကွင်းလယ်လူ ဖာကီရာကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပြီး ဖာကီရာကိုယ်တိုင်ကလည်း ၎င်း၏အနာဂတ်ကို အတိအကျ ဆုံးဖြတ်ပေးပါရန် လိုင်ယွန်အသင်းဒါရိုက်တာအဖွဲ့ကို တွန်းအားပေးတောင်းဆိုထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
06-Aug-2018 tagged as Soccer Premier League Chelsea Courtois Sarri
ချယ်လ်ဆီးနည်းပြ ဆာရီသည် ဂိုးသမားကော်တွာကို ၎င်းနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောချိန်တွင် အသင်းပြောင်းခွင့်ကို တောင်းခံခဲ့မည်ဆိုပါက ယင်းဆန္ဒကို လိုက်လျောပေးလိုက်ရန် အသင့်ရှိသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
05-Aug-2018 tagged as Soccer Premier League Chelsea Hazard
ချယ်လ်ဆီးနည်းပြ ဆာရီသည် လာမည့်ရက်အနည်းငယ်အတွင်း၌ အသင်းလေ့ကျင့်ရေးအစီအစဉ်များသို့ လာရောက်ပူးပေါင်းတော့မည့် တိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို တွေ့ဆုံစကားပြောဆိုရန် ပြင်ဆင်ထားပြီးဖြစ်ကာ ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ မပြောင်းရွှေ့ဘဲ စာချုပ်သစ်လက်မှတ်ထိုးဖြစ်စေရန် ၎င်းအနေနှင့် ကောင်းစွာ စည်းရုံးနိုင်လိမ့်မည်ဟု ဆာရီက ပြောကြားထားကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို အလိုက်စနစ်မပါဘဲနှင့် တိုက်ရိုက်လဲလှယ်ရန် ဆွေးနွေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Aug-2018 tagged as Soccer Premier League Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် သားအမြွှာဖွားမြင်သည့်အထိမ်းအမှတ်အဖြစ် ၎င်းကျော့နံပါတ်ကို ၉ မှနေ၍ ၂၉ သို့ ပြောင်းလဲကာ ၀တ်ဆင်သွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီးတို့သည် အသင်းကစားသမားများဖြစ်ကြသော ပီဒရို၊ အိုင်ဝိုဘီနှင့် ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ကို စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
04-Aug-2018 tagged as Soccer Premier League Chelsea Sarri
ချယ်လ်ဆီးနည်းပြ ဆာရီသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဟု ထုတ်ဖော်ချီးကျူးလိုက်ပြီး ၎င်းနှင့် ဂွါဒီယိုလာအကြားရှိ အခြေခံဘောလုံးဒဿနများမှာ တူညီမှုရှိသည်ဟုလည်း ဆာရီက မှတ်ချက်ပေးသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။