News

POST TAGGED AS

CHELSEA

26-Aug-2018 tagged as Soccer Premier League Chelsea Abramovich
ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျသည် အသင်းကို အရောင်းဈေးကွက်တင်လိုက်ပြီဖြစ်ပြီး ပေါင်နှစ်ဘီလီယံပမာဏရှိ ကမ္ဘာ့စံချိန်တင် တန်ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းလာခဲ့မည်ဆိုပါက အေဘရာမိုဗစ်ခ်ျမှာ အသင်းကို ပိုင်ရှင်သစ်ထံသို့ လက်လွှဲရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
19-Aug-2018 tagged as Soccer Premier League Chelsea Sarri
ချယ်လ်ဆီးနည်းပြ ဆာရီသည် ၎င်း၏အသင်းအနေနှင့် လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိလိမ့်ဦးမည်မဟုတ်ဟု ဖွင့်ဟအသိပေးလိုက်ပြီး ချယ်လ်ဆီးမှာ ခံစစ်ကစားရာတွင် လိုအပ်ချက်များရှိနေသေးကြောင်း ဆာရီက မှတ်ချက်ပေးသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Premier League Chelsea Willian
ချယ်လ်ဆီးအသင်းသည် မန်ယူနည်းပြ မော်ရင်ညို၏ပစ်မှတ်စာရင်းတွင် ပါရှိနေဆဲဖြစ်သော ကွင်းလယ်လူ ဝီလျံကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေပြီဖြစ်ပြီး အသက် ၃၀ နှင့်အထက် ကစားသမားများကို တစ်နှစ်ချင်းအလိုက် သက်တမ်းတိုးသည့် မူဝါဒကို ဝီလျံအတွက် ခြွင်းချက်အဖြစ် ပယ်ဖျက်ပေးကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရေးကို လုပ်ဆောင်သွားမည်ဟု ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Premier League Chelsea Hazard
ချယ်လ်ဆီးအသင်းသည် ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏တိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် ယခင်ကထက် အရှိန်မြှင့်ကြိုးပမ်းမှုများရှိလာတော့မည်ကို အလွန်အမင်း စိုးရိမ်နေကြောင်း Daily Star က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Premier League Chelsea Willian
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဝီလျံသည် အသင်းနည်းပြအဖြစ် ကွန်တီသာ ဆက်ရှိနေမည်ဆိုပါက ၎င်းအတွက် ယခုကဲ့သို့သော အခွင့်အရေးမျိုး ရှိနိုင်လိမ့်မည်မဟုတ်ဟု မှတ်ချက်ပေးပြောကြားလိုက်ပြီး နည်းပြသစ် ဆာရီက ၎င်းအပေါ် ယုံကြည်မှုထားခဲ့ခြင်းကြောင့်လည်း အသင်းပြောင်းရွှေ့မည့်အစီအစဉ်ကို ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်ကြောင်း ဝီလျံက ဆက်လက် မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
14-Aug-2018 tagged as Soccer Premier League Chelsea Zouma Bashuayi
ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး ဘတ်ရွှာယီနှင့် နောက်ခံလူ ဇူးမားတို့ကို ဗလင်စီယာနှင့် အဲဗာတန်တို့ထံသို့ တစ်နှစ်သက်တမ်း စာချုပ်များဖြင့် အသီးသီး အငှားချလိုက်ပြီဖြစ်ပြီး ကွင်းလယ်ကစားသမား ဘာကာယိုကိုကိုလည်း အငှားဖြင့် ပြောင်းရွှေ့မည်ဆိုပါက အသင်းပြောင်းနိုင်သည်ဟု နည်းပြ ဆာရီက အခွင့်ပေးအပ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Aug-2018 tagged as Soccer Premier League Chelsea Hazard Sarri
ချယ်လ်ဆီးနည်းပြ ဆာရီသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ဟားဇတ်ကို လက်လွှတ်ပေးသွားမည်မဟုတ်ဟု အတိအလင်း ပြောကြားလိုက်ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်၌ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းလိုက်ပြီဖြစ်၍ အသင်းရှိ ကစားသမားကောင်းများကို လက်မလွှတ်ရရေးမှာ လွန်စွာ အရေးကြီးသွားခဲ့ပြီဟု ဆာရီက မှတ်ချက်ပေးသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
13-Aug-2018 tagged as Soccer Chelsea Serie A AC Milan Bakayoko
အေစီမီလန်အသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဘာကာယိုကိုကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော တစ်နှစ်သက်တမ်း အငှားစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ပြီး ဘာကာယိုကို၏ခြေစွမ်းကို နှစ်ခြိုက်သဘောကျ၍ ၎င်းကို အပြီးသတ်ခေါ်ယူမည်ဆိုပါက အေစီမီလန်မှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ ဒသမ ၅ သန်းကုန်ကျလိမ့်မည်ဖြစ်ကြောင်း Tutto Sports က ဖော်ပြထားသည်။
09-Aug-2018 tagged as Soccer Premier League Chelsea Kovacic
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ကိုဗာဆစ်သည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးထံသို့ တစ်နှစ်သက်တမ်း အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အကယ်၍ အငှားသက်တမ်းအတွင်း အသင်းနှင့်အံဝင်စွာ ကစားနိုင်ခဲ့မည်ဆိုပါက လာမည့် ၂၀၁၉ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ကိုဗာဆစ်ကို အပြီးသတ်ဝယ်ယူခွင့်ရနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်နှင့် ပြန်လည်ဆွေးနွေးသွားရန်လည်း ချယ်လ်ဆီးက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ဂိုးသမား ကီပါကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ကီပါမှာ ကော်တွာ၏နေရာကို အစားဝင်၍ ပွဲထွက်ဂိုးသမားတာဝန်ကို ယုံကြည်ချက်အပြည့်ဖြင့် ထမ်းဆောင်နိုင်လိမ့်မည်ဟု ၎င်းအနေနှင့် အခိုင်အမာ ယုံကြည်ထားပါကြောင်း နည်းပြ ဆာရီက ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။