News

POST TAGGED AS

CHELSEA

27-Nov-2017 tagged as Soccer Premier League Conte Chelsea
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ချယ်လ်ဆီးနှင့် အမှတ်ပေးဇယားကို ဦးဆောင်နေသော မန်စီးတီးအသင်းအကြားတွင် ယခုထက်ပို၍ အမှတ်ကွာဟချက် မြင့်တက်မလာစေရန် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်တင်းမှုများ မဖြစ်မနေ ဆောင်ရွက်ရလိမ့်မည်ဟု အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Nov-2017 tagged as Soccer Premier League Conte Chelsea Courtois
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတာဝန်ရှိသူများကို ဂိုးသမားကော်တွာအား စာချုပ်သစ်တစ်ရပ် အမြန်ဆုံးလက်မှတ်ရေးထိုးပေးပါရန် တိုက်တွန်းလိုက်ပြီဖြစ်ပြီး စာချုပ်သစ်လက်မှတ်ရေးထိုးရေးတွင် ကော်တွာနှင့် ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့အကြား အဓိကဆွေးနွေးရမည်မှာ ကစားသမားဖြစ်သူဘက်က တောင်းဆိုထားသည့် လုပ်ခလစာပင်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Nov-2017 tagged as Soccer Premier League Chelsea Willian
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနည်းပြကွန်တီ လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့် ကွင်းလယ်လူ ဝီလျံနှင့် နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်တို့ကို ခေါ်ယူလိုလျက်ရှိပြီး ဝီလျံကိုခေါ်ယူရန်အတွက် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကတည်းကပင် မန်ယူက ဆက်သွယ်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် ကာယကံရှင်ကစားသမားဖြစ်သူတို့က ငြင်းဆန်ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Nov-2017 tagged as Soccer Premier League Conte Chelsea Italy
အီတလီဘောလုံးပရိသတ်များသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရအပြီးတွင် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများကို နည်းပြအပြောင်းအလဲလုပ်ရန် ဖိအားပေးတောင်းဆိုနေကြပြီဖြစ်ပြီး အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ၎င်းတို့ မြင်တွေ့ခွင့်ရနိုင်ရန် ဆန္ဒရှိနေသူမှာ ချယ်လ်ဆီးနည်းပြ ကွန်တီဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။
09-Nov-2017 tagged as Soccer Premier League Mourinho Chelsea Morata
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် လက်ရှိဘောလုံးရာသီတွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရယူ၍ ၎င်း၏ဆရာဟောင်းတစ်ဦးဖြစ်သူ မန်ယူနည်းပြမော်ရင်ညို တင်ရှိထားသည့်စံချိန်ကို အမီလိုက်လိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer Premier League Conte Chelsea Abramovich
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်း၌ဖြစ်ပေါ်နေသည့် အတွင်းရေးပြဿနာများကို ဖြေရှင်းရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ အသင်းပိုင် ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းသို့လာရောက်၍ အေဘရာမိုဗစ်ခ်ျက နည်းပြကွန်တီနှင့် အသင်းကစားသမားများအကြားရှိ ဆက်ဆံရေးအခြေအနေကို အကဲခတ်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Nov-2017 tagged as Soccer Premier League Conte Chelsea Emenalo
ချယ်လ်ဆီးအသင်းထံတွင် နည်းစနစ်ဒါရိုက်တာရာထူးဖြင့် ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့သော နိုင်ဂျီးရီးယားနိုင်ငံသား အီမီနာလိုသည် ရာထူးနုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး အီမီနာလို ရာထူးနုတ်ထွက်သွားသည့်အကြောင်းရင်းမှာ နည်းပြကွန်တီနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများကြောင့်ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေကြောင်း The Sun က ဖော်ပြထားသည်။
06-Nov-2017 tagged as Soccer Premier League Chelsea Fabregas
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်သည် အမျိုးသမီးပရိသတ်တစ်ဦးက ၎င်းကို တစ်ညတာ အတူတကွ အချိန်ကုန်ဆုံးရန် ကမ်းလှမ်းထားသည်ကို လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်ကြောင်း Goal က ဖော်ပြထားသည်။
06-Nov-2017 tagged as Soccer Premier League Chelsea David Luiz
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်သည် ချယ်လ်ဆီးနည်းပြ ကွန်တီကို အသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား အသင်းလူစာရင်းမှနေ၍ ဖယ်ထုတ်လိုက်ခြင်းက အဆုံးသတ်တွင် ရာထူးထုတ်ပယ်ခြင်းခံရသည်အထိ အကျိုးဆက် ရိုက်ခတ်မှု ပြင်းထန်လာနိုင်သည်ဟု သတိပေးစကား ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူနည်းပြမော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့ဘဲ အသင်းအားပေးသူများ၊ အသင်းကစားသမားများနှင့်သာ အောင်ပွဲခံသွားခဲ့ပြီး ၎င်းအတွက် လက်ဆွဲနှုတ်ဆက်ခြင်း အရေးကိစ္စထက် နိုင်ပွဲရရှိခဲ့ခြင်းကသာ ပိုမိုအရေးကြီးသည်ဟု ကွန်တီက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။