News

POST TAGGED AS

CHAMPIONSHIP

09-May-2018

Myanmar Soccer Leeds United Championship
မြန်မာနိုင်ငံသို့ရောက်လာသည့် လိဒ်စ်အသင်းတွင် ယူ-၂၃ နှင့် ယူ-၁၈ ကစားသမားများသာ အများစုပါဝင်

လန်ဒန်၊ မေ ၉

မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် လိဒ်စ်ယူနိုက်တက်အသင်းတွင် အသင်းကြီးကစားသမားဟူ၍ ၁၁ ဦးသာ ပါဝင်ပြီး ကျန်ကစားသမားများမှာ ယူ-၂၃ အသင်းနှင့် ယူ-၁၈ အသင်းမှ ကစားသမားများဖြစ်သည်ဟု အသင်းနည်းပြ ပေါလ်ဟက်ကင်ဘော့တွမ်းက ပြောကြားထားကြောင်း Team Talk က ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ရောက်ရှိလာသော လိဒ်စ်ယူနိုက်တက်အသင်းတွင် ပါဝင်သည့် အသင်းကြီးကစားသမား ၁၁ ဦး၌ အချို့မှာ အရန်ကစားသမားများသာဖြစ်ကြပြီး ဂိုးသမားများဖြစ်သော လိုနာဂန်နှင့် ပီးကော့-ဖာရယ်လ်တို့ နှစ်ဦးလုံးမှာ အရန်အဖြစ်သာ ကစားနေကြရသူများဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် လိဒ်စ်ယူနိုက်တက်အသင်းတွင် အသင်းကြီးအဆင့်လူစာရင်းမှနေ၍ ဆင်မြူရယ်လ်ဆိုက်ဇ်၊ ဗီအဲရာ၊ ကယ်လ်ဗင်ဖိလစ်၊ အီကူဘန်၊ လုခ်အိုင်လင်း၊ ပီးကော့-ဖာရယ်လ်၊ လိုနာဂန်၊ တိုင်လာဒင်တန်၊ တွမ်ပီးယားစ်၊ ဂျေး-ရွိုင်းဂရော့တ်နှင့် အက်ဒ်မွန်းဒ်ဆန်တို့ ပါဝင်လာခဲ့ပြီး ယင်းအနက် အက်ဒ်မွန်းဒ်ဆန်၊ ပီးကော့-ဖာရယ်လ်၊ လိုနာဂန်၊ တိုင်လာဒင်တန်နှင့် တွမ်ပီးယားစ်တို့က ပွဲထွက်ခွင့်ပုံမှန်မရသော အရန်ကစားသမားများဖြစ်ကြသည်။

ကျူပီအာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော အင်္ဂလန်ချန်ပီယံရှစ် ရာသီသိမ်းပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ နည်းပြ ဟက်ကင်ဘော့တွမ်းက “ဒီနေ့ပွဲမှာ ပါဝင်ကစားသွားတဲ့ ကျွန်တော့်ကောင်လေးတွေအနက်က အချို့အ၀က်လောက်ပဲ မြန်မာပြည်ခရီးစဉ်ကို လိုက်ပါကြမှာပါ။ အများစုကတော့ ယူ-၂၃ နဲ့ ယူ-၁၈ အသင်းက ကစားသမားလေးတွေဖြစ်ပါလိမ့်မယ်”ဟု အသိပေးသွားခဲ့သည်။




FOLLOW US