News

POST TAGGED AS

CHAMPIONSHIP

01-Jun-2018 tagged as Soccer Championship Derby County Lampard
အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသည် ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်ကို အသင်းနည်းပြအဖြစ် သုံးနှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ပြီး လမ်းပတ်မှာ အသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်နိုင်စေရန် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သည့်အတွက် ယခုကဲ့သို့ ခန့်အပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒါဘီက ထုတ်ပြန်ကြေညာထားသည်ဟု The Sun က ဖော်ပြထားသည်။
27-May-2018 tagged as Soccer Premier League Championship Fulham
ဖူလ်ဟမ်အသင်းသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ၀င်ဘလေဘောလုံးကွင်းတွင် ကျင်းပခဲ့သော ချန်ပီယံရှစ် Play-Offs ဗိုလ်လုပွဲတွင် အက်စတွန်ဗီလာကို ကွင်းလယ်ကစားသမား ကာရာနေး၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းနေသော ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် အသင်းအနေနှင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုလိုပါက ယင်းစာချုပ်သစ်တွင် ချယ်လ်ဆီးနှင့်ထိပ်တိုက်တွေ့သောပွဲစဉ်များ၌ ၎င်းကို ထည့်သွင်းအသုံးမပြုဟူသည့် သဘောတူညီချက်တစ်ရပ်ကို ထည့်သွင်းရန် လိုအပ်လိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
09-May-2018 tagged as Myanmar Soccer Leeds United Championship
မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် လိဒ်စ်ယူနိုက်တက်အသင်းတွင် အသင်းကြီးကစားသမားဟူ၍ ၁၁ ဦးသာ ပါဝင်ပြီး ကျန်ကစားသမားများမှာ ယူ-၂၃ အသင်းနှင့် ယူ-၁၈ အသင်းမှ ကစားသမားများဖြစ်သည်ဟု အသင်းနည်းပြ ပေါလ်ဟက်ကင်ဘော့တွမ်းက ပြောကြားထားကြောင်း Team Talk က ဖော်ပြထားသည်။
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်သုံးမှ အဆင့်ခြောက်အတွင်း ရပ်တည်ကာ ရာသီသိမ်းခဲ့သော ဖူလ်ဟမ်၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့နှင့် ဒါဘီတို့သည် ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်ခွင့်ရနိုင်ရေးအတွက် ထပ်ဆင့်ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်ကာ အဆင့်သုံးဖြင့် ရာသီသိမ်းခဲ့သော ဖူလ်ဟမ်မှာ အဆင့်ခြောက်နေရာတွင် ရပ်တည်ခဲ့သော ဒါဘီနှင့်လည်းကောင်း၊ အဆင့်လေးဖြင့် ရာသီသိမ်းခဲ့သော အက်စတွန်ဗီလာမှာ အဆင့်ငါးတွင် ရပ်တည်ခဲ့သော မစ်ဒယ်ဘရော့နှင့်လည်းကောင်း ထပ်ဆင့်ခြေစစ်ပွဲများကို အသီးသီးဆင်နွှဲရလိမ့်မည်ဟု The Mirror က ဖော်ပြထားသည်။
07-May-2018 tagged as Soccer Cadiff City Championship
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ၏ရာသီသိမ်းပွဲစဉ်များသည် လွန်စွာစိတ်လှုပ်ရှားဖွယ်ရာ ကောင်းခဲ့ပြီး ဖူလ်ဟမ်အသင်း ခြေချော်သွားခဲ့ခြင်းကြောင့် ကာဒစ်ဖ်အသင်း တိုက်ရိုက်တန်းတက်ခွင့် ရသွားခဲ့ခြင်းမှာ လွန်စွာစိတ်လှုပ်ရှားဖွယ်ရာ အနေအထားတစ်ရပ်ဖြစ်သွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။