News

POST TAGGED AS

CHAMPIONS LEAGUE

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏ဥရောပသွင်းဂိုးအရေအတွက်သည် လက်ရှိတွင် အသင်းပေါင်း ၄၆၃ သင်း၏သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားသွားခဲ့ပြီဖြစ်ပြီး စီရော်နယ်ဒို၏ဥရောပသွင်းဂိုးအရေအတွက်မှာ စပါးအသင်း၏ဥရောပသွင်းဂိုးအရေအတွက်စုစုပေါင်းထက် ၄၇ ဂိုး ပိုမိုများပြားကြောင်း Daily Star က ဖော်ပြထားသည်။
ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ၎င်းတို့အနေနှင့် ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားကြောင့် ကြီးစွာသောနစ်နာမှုဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသည်ဟု ဝေဖန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို ပင်နယ်တီကန်သွင်း၍ ရယူသွားသော သွင်းဂိုးသည် စည်းမျဉ်းဥပဒေသတ်မှတ်ချက်နှင့်အညီ ဆုံးဖြတ်မည်ဆိုပါက ပယ်ဖျက်ရမည့် သွင်းဂိုးအမျိုးအစားဖြစ်သည်ဟု The Sun က ထောက်ပြထားကြောင်း Sportmail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ် ပထမအကျော့တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အသင်းတစ်သင်းတည်းကို ကိုယ်စားပြု၍ သွင်းဂိုး ၁၀၀ ရယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ရှိသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပင်နယ်တီကို ပုံစံသစ်တစ်ရပ်ဖြင့် ကန်ပြခဲ့သည်မှာ ၎င်းအတွက်မူ မထူးခြားတော့ကြောင်း ပြောကြားသွားခဲ့ပြီး စီရော်နယ်ဒိုမှာ ပင်နယ်တီကို ယင်းသို့ကန်သွင်းနိုင်စေရန် အချိန်ယူ၍ ကြိမ်ဖန်များစွာ စနစ်တကျ လေ့ကျင့်ထားခြင်းဖြစ်ကြောင်း ဖာဒီနန်က ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်း၏အသင်းဟောင်းများဖြစ်သော ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုနိုင်ရန် အဆင်မပြေမှုများရှိနေပြီး ယင်းသို့ဖြစ်ရသည်မှာ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားမည့်နေ့နှင့် ချစ်သူများနေ့(ဗယ်လင်တိုင်းဒေး)တို့ တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း ဇာဘီးအလွန်ဆိုသည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်တွင် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့သွားခဲ့ခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ်ရာ အတွဲအဖက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးအပ်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ လက်ရှိအချိန်တွင် ပုံစံကောင်းရရှိရန် ရုန်းကန်နေရသော်လည်း ပီအက်စ်ဂျီနှင့်ကစားရမည့်အချိန်သို့ရောက်ပါက ယင်းပွဲစဉ်အတွက် အဆင်သင့်အနေအထားတစ်ရပ်ကို ပိုင်ဆိုင်နေလိမ့်မည်ဟု အလွန်ဆိုက သုံးသပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
11-Dec-2017 tagged as Champions League Draw
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်၌ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ ပီအက်စ်ဂျီနှင့် မဲကျသွားခဲ့သည့်အတွက် ပွဲကျပ်ကစားရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Dec-2017 tagged as Soccer Champions League Draw
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နှင့် ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မဲခွဲသွားမည်ဖြစ်ပြီး ယခုတစ်ကြိမ် မဲခွဲရာတွင်မူ အုပ်စုဗိုလ်အသင်းများနှင့် အုပ်စုဒုတိယရရှိသောအသင်းများဟူ၍ သတ်မှတ်ချက် နှစ်ခုတည်းသာ ရှိသွားတော့မည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်ဟု Daily Mail က ဖော်ပြထားသည်။