News

POST TAGGED AS

CHAMPIONS LEAGUE

လာမည့် မေလ ၂၆ ရက်နေ့တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးအသင်း အနိုင်ရဗိုလ်စွဲသွားခဲ့ပါက ပုပ်ရဟန်းမင်းကြီးအတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သမိုင်းမှတ်တမ်းများကို ကိုးကား၍ Team Talk က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ကစားသမားများ၏ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခြင်းအတွက် ဆုကြေးအကျိုးခံစားခွင့်သည် လီဗာပူးကစားသမားများထက် ဆယ်ဆ ပိုများကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ၎င်းတို့အနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဆာလားဟ်မှာ လီဗာပူးကစားသမား ၁၁ ဦးအနက်မှနေ၍ တစ်ဦးသာဖြစ်သည်ဟု ရာမို့စ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်အခြေစိုက်သတင်းစာများနှင့် ကတ်တလန်အခြေစိုက်သတင်းစာများသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်သို့ ရီးရဲလ်မက်ဒရစ်အသင်း တက်လှမ်းရောက်ရှိသွားခြင်းကို ရှုမြင်ပုံ ကွဲလွဲနေကြပြီး စပိန်သတင်းစာများက ရီးရဲလ်မက်ဒရစ်ကို အမွှမ်းတင်နေသော်လည်း ကတ်တလန်သတင်းစာများကမူ ရှုံ့ချဝေဖန်နေကြောင်း The Sun က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ဂိုးသမားနေရာကလွဲ၍ အခြားသောနေရာများတွင် ကစားသော ကစားသမားများအနက် ပွဲအများဆုံးကစားခွင့်ရ ကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ပြီး စီရော်နယ်ဒိုမှာ လက်ရှိတွင် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ချန်ပီယံလိဂ်ပွဲစဉ်အရေအတွက် ၁၅၂ ပွဲ ကစားခွင့်ရခဲ့ပြီးပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Champions League Gerrard
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်သည် လီဗာပူးအနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့အနက်မှ မည်သည့်အသင်းနှင့်တွေ့သည်ဖြစ်စေ ကြောက်ရွံ့ရန် မလိုကြောင်း မှတ်ချက်ပေးပြောကြားလိုက်ပြီး ယင်းနှစ်သင်းလုံးတွင် ကြီးစွာသောချို့ယွင်းချက်များရှိနေခြင်းက လီဗာပူးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ဂျာရတ်က အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Soccer Champions League Roma Di Francesco
ရိုးမားနည်းပြ ဒီဖရန်ဆက်ကိုသည် လီဗာပူးက ရိုးမားကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် အရာရာဖြစ်နိုင်သေးသည်ဟူသော ယုံကြည်ချက် မရှိတော့လျှင် ပြိုင်ပွဲကို ဆက်လက်ကစားနေတော့မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Liverpool Soccer Champions League Roma
လီဗာပူးရဲတပ်ဖွဲ့တာဝန်ရှိသူများသည် လီဗာပူးအသင်းပရိသတ်တစ်ဦးကို အသက်သေလုမျောပါးဖြစ်သည်အထိ တိုက်ခိုက်ခဲ့မှုဖြင့် ရိုးမားပရိသတ်နှစ်ဦးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်တို့သည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များတွင် ရလဒ်ကောင်းများ ရယူနိုင်ခြင်း မရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်များအရ နိုင်ပွဲများကိုယ်စီရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
11-Apr-2018 tagged as Liverpool Soccer Champions League Roma
ရိုးမားနှင့် လီဗာပူးတို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်များတွင် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူ၍ ဆီမီးဖိုင်နယ်အဆင့်သို့ ဆက်လှမ်းတက်လှမ်းသွားခဲ့ပြီဖြစ်ကာ ရိုးမားမှာ ပထမအကျော့၌ လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်ကို ပြောင်းပြန်လှန်၍ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း BBC က ဖော်ပြထားသည်။