News

POST TAGGED AS

CHAMPIONS LEAGUE

11-Sep-2018

Soccer Champions League UEFA USA
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခွင့်ရနိုင်ရန် ဆွေးနွေး

နယူးယောက်၊ စက်တင်ဘာ ၁၁

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖျော်ဖြေရေးမီဒီယာလုပ်ငန်းစုတစ်ခုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခွင့်ရနိုင်စေရန်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း The Sun က ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် ၎င်းတို့၏နိုင်ငံ၌ တစ်နှစ်လျှင် လာလီဂါပွဲစဉ် အနိမ့်ဆုံးတစ်ပွဲ ကျင်းရန် အခွင့်အရေးရထားပြီဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ယှဉ်ပြိုင်ရမည့် ဂျီရိုနာနှင့် ဘာစီလိုနာတို့၏ကတ်တလန်ဒါဘီ လာလီဂါပွဲစဉ်ကို အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဟု လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီကလည်း အတည်ပြုထားပြီဖြစ်သည်။

ယူအီးအက်ဖ်အေသည် ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကျင်းပရန်အတွက် လာလီဂါကလပ် အက်သလက်တီကိုအသင်းပိုင် ၀မ်ဒိုမက်ထရိုပိုလီတာနိုဘောလုံးကွင်းကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကျင်းပရန်အတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အေတာတပ်ခ်အိုလံပစ်ဘောလုံးကွင်းကိုလည်းကောင်း အသီးသီး ရွေးချယ်ထားပြီးဖြစ်ကာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နယူးယောက်မြို့တွင် ကျင်းပခွင့်ရနိုင်စေရေးအတွက် အမေရိကန်ရုပ်သံလွှင့်ကုမ္ပဏီက အလိုရှိနေခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် Relevant မီဒီယာစီးပွားရေးလုပ်ငန်းစုသည် အမေရိကန်ပြည်ထောင်စုသို့ လာရောက်၍ လာလီဂါပွဲစဉ်များ ယှဉ်ပြိုင်ပေးရေးအတွက် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ၁၅ နှစ်သက်တမ်းစာချုပ်ကို ယူရိုသန်း ၂၀၀ အကုန်အကျခံကာ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နယူးယောက်မြို့တွင် ကျင်းပပေးရန် သဘောတူညီလိုက်ပါက ယင်းထက်ပိုမိုများပြားသည့် စပွန်ဆာငွေကြေးတစ်ရပ်ကို ယူအီးအက်ဖ်အေက ပိုင်ဆိုင်ရရှိနိုင်ဖွယ်ရှိနေသည်။




FOLLOW US