News

POST TAGGED AS

CHAMPIONS LEAGUE

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း ဇာဘီးအလွန်ဆိုသည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်တွင် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့သွားခဲ့ခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ်ရာ အတွဲအဖက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးအပ်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ လက်ရှိအချိန်တွင် ပုံစံကောင်းရရှိရန် ရုန်းကန်နေရသော်လည်း ပီအက်စ်ဂျီနှင့်ကစားရမည့်အချိန်သို့ရောက်ပါက ယင်းပွဲစဉ်အတွက် အဆင်သင့်အနေအထားတစ်ရပ်ကို ပိုင်ဆိုင်နေလိမ့်မည်ဟု အလွန်ဆိုက သုံးသပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
11-Dec-2017 tagged as Champions League Draw
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်၌ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ ပီအက်စ်ဂျီနှင့် မဲကျသွားခဲ့သည့်အတွက် ပွဲကျပ်ကစားရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Dec-2017 tagged as Soccer Champions League Draw
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နှင့် ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မဲခွဲသွားမည်ဖြစ်ပြီး ယခုတစ်ကြိမ် မဲခွဲရာတွင်မူ အုပ်စုဗိုလ်အသင်းများနှင့် အုပ်စုဒုတိယရရှိသောအသင်းများဟူ၍ သတ်မှတ်ချက် နှစ်ခုတည်းသာ ရှိသွားတော့မည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်ဟု Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဒေါ့မွန်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ချန်ပီယံလိဂ် အုပ်စုသွင်းဂိုးစံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ကာ ယင်းစံချိန်အပြင် အခြားသောစံချိန်တစ်ခုကိုပါ စီရော်နယ်ဒိုက ထပ်မံတင်ရှိသွားနိုင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
06-Dec-2017 tagged as Soccer Champions League Preview
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆(ဒုတိယည)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး မက်ဆီကို အရန်အဖြစ် ထားရှိအသုံးပြုရန် ၎င်းအနေနှင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဗီလာရီးရဲလ်တိုက်စစ်မှူး ဘာကမ်ဘူသည် လွန်ခဲ့သည့် အောက်တိုဘာလ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် လာလီဂါတစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး ယင်းဆုကို လာမည့်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ဗီလာရီးရဲလ်နှင့် ဆီဗီလာတို့ပွဲစဉ် မတိုင်မီတွင် ဘာကမ်ဘူကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မန်ယူကစားသမားများက ပရော်ဖက်ရှင်နယ်စိတ်ဓာတ်မျိုးဖြင့် ကစားသွားခဲ့ခြင်း မရှိကြောင်း ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယင်းအတွက် အဆုံးသတ်တွင် ပွဲစဉ်အပေါ် အာရုံစူးစိုက်မှု နည်းပါးလွန်းခဲ့ခြင်းက မန်ယူကို ဒဏ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ၎င်း၏အသင်းမှာ စီအက်စ်ကေအေမော်စကိုနှင့် ယှဉ်ပြိုင်ကစားရမည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အရှုံးရလဒ်ဖြင့် ဆက်လက်ကြုံဆုံကောင်း ကြုံဆုံရနိုင်သော်လည်း နောက်တစ်ဆင့်တက်ရောက်မည်ကမူ လုံးဝသေချာကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။