News

POST TAGGED AS

CARRICK

မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကာရစ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ကာ အနားယူသွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် ဘောလုံးလောကကို ကျောခိုင်းစွန့်ခွာပြီးချိန်တွင် မန်ယူနည်းပြအဖွဲ့၌ ရာထူးတစ်ခုရယူ၍ တာဝန်ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကာရစ်က အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဝါရင့်ကွင်းလယ်ကစားသမား ကာရစ်ကို ကစားသမားဘ၀က အနားယူပြီးပါက အသင်းနည်းပြအဖွဲ့တွင် နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ရာထူးတစ်နေရာစာ ကမ်းလှမ်းထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Nov-2017 tagged as Soccer Manchester United Carrick
မန်ယူကွင်းလယ်ကစားသမား ကာရစ်သည် ၎င်းအနေနှင့် အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိခဲ့ဘဲ နှစ်လကြာ အနားယူခဲ့ရသည်မှာ နှလုံးခုန်နှုန်း မမှန်ကန်သည့်ဝေဒနာကို ခံစားခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။