News

POST TAGGED AS

CARABAO CUP

11-Jan-2018 tagged as Soccer Arsenal Wilshere Carabao Cup
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ခြေမျက်စိထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်တနင်္ဂနွေနေ့၌ ဘုန်းမောက်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာမှာ ထိလိုက်သည်နှင့် လှဲချရန်အသင့်ဖြစ်နေခဲ့ပြီး ပြစ်ဒဏ်ဘောတောင်းခံရန်သာ စဉ်းစားနေခဲ့သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ခရာဘောင်းဖလား(လိဂ်ဖလား)ပြိုင်ပွဲကျင်းပရေးကော်မတီသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမည့် ခရာဘောင်းဖလား(လိဂ်ဖလား)ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးထားရှိသည့်စနစ်(VAR စနစ်)ကို အသုံးပြုသွားမည်ဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Draw Carabao Cup Semi Finals
ခရာဘောင်းဖလား(လိဂ်ဖလား)ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ပြိုင်ပွဲ၏ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ လက်ရှိချန်ပီယံ မန်ယူကို အနိုင်ယူကျော်ဖြတ်လာခဲ့သည့် ဘရစ္စတိုးစီးတီးအသင်းမှာ အခြားသော မန်ချက်စတာမြို့ခံအသင်းတစ်သင်းဖြစ်သည့် မန်စီးတီးနှင့် ထိပ်တိုက်တွေ့သွားခဲ့ပြီး အခြားတစ်ဖက်တွင် လန်ဒန်မြို့ခံအသင်းများဖြစ်ကြသော အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ မဲကျသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။