News

POST TAGGED AS

CANTONA

ဖာဂူဆန်ခေတ်အလွန် မန်ယူဆီကို ရောက်လာတဲ့ နည်းပြတိုင်းဟာ သူတို့နည်း သူတို့ဟန်နဲ့ ကျောနံပါတ် ၇ လက်သစ် ကစားသမားတစ်ဦးစီကို စင်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မန်ယူရဲ့ကျောနံပါတ် ၇ ဆိုတာကလည်း တော်တန်ရုံ အရှိန်အဝါမျိုး မဟုတ်ပါဘူး။ ဒီကျောနံပါတ်ကို ဆက်ခံခွင့်ရတဲ့ ကစားသမားဟာ သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးဖို့ အခွင့်အရေးရတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ မန်ယူရဲ့ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ဖြတ်သန်းမှုကို တည်ထောင်ခဲ့ကြသူတွေပါ။ အဲ့ဒီမတိုင်ခင်ကလည်း ဂျော့ခ်ျဘက်စ်နဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့လို ပရိသတ်ချစ် ကျောနံပါတ် ၇ ကစားသမားတွေ မန်ယူဆီမှာ ရှိခဲ့ဖူးပါတယ်။
မန်ယူဂန္ထ၀င်တိုက်စစ်မှူး ကန်တိုနာသည် ၎င်းမှာ နည်းပြမော်ရင်ညို၏ပရိသတ်တစ်ဦးဖြစ်သော်လည်း လက်ရှိတွင် မန်စီးတီးကို ဦးဆောင်နေသော နည်းပြဂွါဒီယိုလာကိုသာလျှင် မန်ယူနည်းပြအဖြစ် မြင်တွေ့ခွင့်ရလိုမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမားဟောင်း လီရှပ်သည် ၁၉၉၅ ခုနှစ်၌ မန်ယူတိုက်စစ်မှူး ကန်တိုနာက ခရစ္စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့သည့်ဖြစ်စဉ်တွင် ယင်းပွဲစဉ်အပြီး၌ အ၀တ်လဲခန်းအတွင်းတွင် နည်းပြဖာဂူဆန်၏ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်မှာ ကန်တိုနာမဟုတ်ဘဲ ကျန်ကစားသမားများသာဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။