News

POST TAGGED AS

C RONALDO

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ၎င်းကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့နှင့် နှိုင်းယှဉ်ချီးကျူးသည်ကို လက်မခံနိုင်ကြောင်း ဖွင့်ဟပန်ကြားလိုက်ပြီး ယင်းကစားသမားနှစ်ဦး၏အောင်မြင်မှုကို လိုက်မီနိုင်ရန်အတွက် ၎င်းအနေနှင့် ယခုထက်ပို၍ များစွာ ကြိုးစားရလိမ့်ဦးမည်ဟု ဆာလားဟ်က ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဦးနှောက်တွင်း သွေးယိုစီးမှုဝေဒနာကို အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ဝေဒနာသက်သာကာ စကားပြောဆိုနိုင်သည်နှင့် ဘောလုံးလောကနှင့်သက်ဆိုင်သည့် အကြောင်းအချင်းအရာများကိုသာ မရပ်မနား ပြောကြားနေကြောင်း မိသားစုဝင်များက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
07-May-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ၎င်း၏ဒဏ်ရာမှာ ဆိုးရွားခြင်းမရှိသည့်အတွက် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝသောအနေအထားသို့ ပြန်ရောက်လာလိမ့်မည်ဟု စီရော်နယ်ဒိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ဂိုးသမားနေရာကလွဲ၍ အခြားသောနေရာများတွင် ကစားသော ကစားသမားများအနက် ပွဲအများဆုံးကစားခွင့်ရ ကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ပြီး စီရော်နယ်ဒိုမှာ လက်ရှိတွင် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ချန်ပီယံလိဂ်ပွဲစဉ်အရေအတွက် ၁၅၂ ပွဲ ကစားခွင့်ရခဲ့ပြီးပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer La Liga Messi C Ronaldo
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သူ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုထက် ၀င်ငွေရရှိမှုတွင် ပေါင် ၂၈ သန်း ပိုများလိမ့်မည်ဖြစ်ပြီး ယခုဝင်ငွေရရှိမှုကို အခြေခံလုပ်ခလစာ၊ အပိုဆုကြေးနှင့် စပွန်ဆာကြေးရရှိမှုများအပေါ်တွင်မူတည်ကာ တွက်ချက်ထားခြင်းဖြစ်ကြောင်း France Football က ဖော်ပြထားသည်။
အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက တစ်ပတ်လှည့်လေဝဲ နောက်ပြန်ကန်ချက်ဖြင့် သွင်းယူလိုက်သောဂိုးမှာ အဆင့်အတန်းမြင့်မားသည့် ဂိုးတစ်ဂိုးဖြစ်သော်လည်း ၎င်း၏သွင်းဂိုးကိုမူ လိုက်မမီသေးကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး စီရော်နယ်ဒိုအနေနှင့် ကိုက် ၄၀ အကွာမှနေ၍ ယခုကဲ့သို့သောကန်ချက်မျိုးဖြင့် ဂိုးရယူနိုင်မှသာလျှင် ၎င်းကို လိုက်မီပြီဟု ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း အီဘရာဟီမိုဗစ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် ဂျူဗင်တပ်အသင်းအားပေးသူပရိသတ်များသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၎င်း၏ဒုတိယမြောက်သွင်းဂိုးအတွက် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် မန်ယူတိုက်စစ်မှူး နစ္စတယ်ရွိုင်း တင်ရှိထားသည့်စံချိန်တစ်ခုကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏ဥရောပသွင်းဂိုးအရေအတွက်သည် လက်ရှိတွင် အသင်းပေါင်း ၄၆၃ သင်း၏သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားသွားခဲ့ပြီဖြစ်ပြီး စီရော်နယ်ဒို၏ဥရောပသွင်းဂိုးအရေအတွက်မှာ စပါးအသင်း၏ဥရောပသွင်းဂိုးအရေအတွက်စုစုပေါင်းထက် ၄၇ ဂိုး ပိုမိုများပြားကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရိုဟင်ဂျာဒုက္ခသည်များ(မူရင်းသတင်းတွင်သုံးနှုန်းထားသည့်အတိုင်း ဖော်ပြခြင်းဖြစ်ပါသည်)အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အလှူငွေထည့်ဝင်ကြစေလိုကြောင်း ၎င်း၏တရားဝင်လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် တိုက်တွန်းလှုံ့ဆော်နေကြောင်း Save The Children က ဖော်ပြထားသည်။