News

POST TAGGED AS

C RONALDO

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအသင်းပြောင်းမည့်ကိစ္စကို လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် ရီးရဲလ်မက်ဒရစ်အသင်းဖော်များကို အသိပေးထားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏မိခင်ဖြစ်သူ ဒိုလိုရက်စ် အေဗီရိုသည် ၎င်း၏သားဖြစ်သူကို ရီးရဲလ်မက်ဒရစ်အား စွန့်ခွာဖြစ်ခဲ့မည်ဆိုပါက အသင်းဟောင်းမန်ယူထံသို့သာ ပြန်လည်ပြောင်းရွှေ့စေလိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ပရိသတ်တစ်ဦးကြောင့် ဂိုးသွင်းယူနိုင်မည့်အခွင့်အရေးတစ်ရပ် ဆုံးရှုံးသွားခဲ့ရသည့်အတွက် လွန်စွာဒေါသပေါက်ကွဲနေကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်ဆုဖလားကြီးကို ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ငါးကြိမ်မြောက် ကိုင်မြှောက်အောင်ပွဲခံခွင့်ရခဲ့အပြီးတွင် ဖြစ်နိုင်မည်ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲကို CR7 ချန်ပီယံလိဂ်ပြိုင်ပွဲဟု အမည်ပြောင်းလိုက်သင့်ပြီဖြစ်ကြောင်း ၀င့်ကြွားပြောဆိုသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကျော်ဖြတ်ရ အလွန်ခက်ခဲသော နောက်ခံကစားသမားဟူ၍ တစ်ဦးတည်းသာ ရှိခဲ့ဖူးပြီး ယင်းကစားသမားမှာ အာဆင်နယ်နှင့် ချယ်လ်ဆီးနောက်ခံကစားသမား အက်ရှ်လေကိုးလ်ဖြစ်သည်ဟု ၎င်းက ပြောကြားသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
23-May-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဇီဝကမ္မလည်ပတ်မှုဖြစ်စဉ်များအရ ၎င်းအနေနှင့် ၂၃ နှစ်သားတစ်ဦးကဲ့သို့ ကစားနိုင်စွမ်းရှိနေသေးသည်ဟု ၀င့်ကြွားပြောဆိုလိုက်ပြီး လက်ရှိကိုယ်ခန္ဓာဖွဲ့စည်းမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုပါက အသက် ၄၁ နှစ်အရွယ်တိုင်သည်အထိ ကစားသမားဘ၀ကို ကြံ့ခိုင်မှုအပြည့်ဖြင့် ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်းလည်း စီရော်နယ်ဒိုက ဆက်လက် အသိပေးသွားခဲ့သေးသည်ဟု Marca က ဖော်ပြထားသည်။
မော်ရိုကိုနွယ်ဖွား စပိန်နိုင်ငံသူ ကိုယ်ဟန်ပြမယ် အေမယ်လ်ဆာဘားသည် သူမအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် မမေ့နိုင်ဖွယ်ရာ ညတစ်ညကို ဖြတ်သန်းခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ယင်းသို့သော သူမတို့နှစ်ဦး၏ပတ်သက်ခဲ့မှုကြောင့် စီရော်နယ်ဒိုနှင့် ရုရှားကိုယ်ဟန်ပြမယ် အိုင်ရီနာရှက်ခ်တို့၏အချစ်ရေး အက်ကြောင်းထင်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု အေမယ်လ်ဆာဘားက အသိပေးသွားခဲ့သေးကြောင်း The Sun က ဖော်ပြထားသည်။
19-May-2018 tagged as Soccer Manchester United C Ronaldo Cantona
မန်ယူအသင်းအားပေးသူများသည် အသင်း၏ထာဝရအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမား နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းတွင် တိုက်စစ်မှူး ကန်တိုနာ မပါရှိခဲ့သည်ကို လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါက မည်သို့မျှ လက်လွတ်ခံမည်မဟုတ်ဟု အသိပေးလိုက်ပြီး စီရော်နယ်ဒိုသာ မန်ယူထံသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုပါက အမြဲပင် တံခါးဖွင့်ထားကြောင်းလည်း မော်ရင်ညိုက ဆက်လက် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းနှင့် လမ်းခွဲသွားခဲ့ပြီဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ၂၂ နှစ်တာကာလအတွင်းအကြီးမားဆုံးသော ဆုံးရှုံးနစ်နာမှုမှာ စီရော်နယ်ဒိုကို မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။