News

POST TAGGED AS

C RONALDO

05-Jul-2018 tagged as Soccer Messi World Cup Russia C Ronaldo
ရုရှားနိုင်ငံသား ဇနီးမောင်နှံ စုံတွဲတစ်တွဲသည် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့အနက် မည်သူက ပိုမိုကောင်းမွန်သည်ကို ငြင်းခုံရာကတစ်ဆင့် လင်ခန်း မယားခန်း ကွာရှင်းပြတ်စဲသည်အထိ ဖြစ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အီရန်အသင်းကို တာဝန်ယူဦးဆောင်နေသည့် နည်းပြ ကွီးရော့ဇ်သည် အီရန်နှင့် ပေါ်တူဂီတို့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အပြီးတွင် ဒိုင်လူကြီးများမှာ လူကိုခင်၍ မူကိုပြင်သင့်အလေ့အထမျိုး လုံးဝမလုပ်ဆောင်သင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
19-Jun-2018 tagged as Soccer La Liga Real Madrid C Ronaldo PSG
ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာဖွယ် ရှိနေပြီဖြစ်သည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ စီရော်နယ်ဒိုအတွက် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၆၅ သန်း၊ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၄၀ အသုံးပြုရန် ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လုပ်ခလစာသစ်ဖြင့် စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းလိုက်သော်လည်း ယင်းစာချုပ်သစ်အတွက် ရီးရဲလ်မက်ဒရစ် ပေးချေမည့် လုပ်ခလစာမှာ နည်းပါးလွန်းနေခြင်းကြောင့် စီရော်နယ်ဒိုက လက်ခံဖွယ်မရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer Messi C Ronaldo Ballon D'Or' Salah
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိ ၂၀၁၈ ခုနှစ် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)အတွက် ၎င်းအဓိက အားပြိုင်ရမည်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမဟုတ်ဘဲ လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သာဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
03-Jun-2018 tagged as Soccer World Cup C Ronaldo Portugal
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ထိပ်တန်းအဆင့် နွားရိုင်းသတ်သမားဟောင်းတစ်ဦးဖြစ်သော နူနိုမာရီကော့စ်ကို ၎င်း၏သက်တော်စောင့်အဖြစ် ခန့်အပ်တာဝန်ပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁ ဒသမ ၃၅ သန်းပေး၍ စာချုပ်သစ် ပြန်ချုပ်ပေးရန် တောင်းဆိုလိုက်ပြီး အကယ်၍ ၎င်း၏တောင်းဆိုချက်ကို မလိုက်လျောပါက ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားရလိမ့်မည်ဟု စီရော်နယ်ဒိုက တာဝန်ရှိသူများကို ပြောကြားထားကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအသင်းပြောင်းမည့်ကိစ္စကို လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် ရီးရဲလ်မက်ဒရစ်အသင်းဖော်များကို အသိပေးထားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏မိခင်ဖြစ်သူ ဒိုလိုရက်စ် အေဗီရိုသည် ၎င်း၏သားဖြစ်သူကို ရီးရဲလ်မက်ဒရစ်အား စွန့်ခွာဖြစ်ခဲ့မည်ဆိုပါက အသင်းဟောင်းမန်ယူထံသို့သာ ပြန်လည်ပြောင်းရွှေ့စေလိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ပရိသတ်တစ်ဦးကြောင့် ဂိုးသွင်းယူနိုင်မည့်အခွင့်အရေးတစ်ရပ် ဆုံးရှုံးသွားခဲ့ရသည့်အတွက် လွန်စွာဒေါသပေါက်ကွဲနေကြောင်း Marca က ဖော်ပြထားသည်။