News

POST TAGGED AS

C RONALDO

23-May-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဇီဝကမ္မလည်ပတ်မှုဖြစ်စဉ်များအရ ၎င်းအနေနှင့် ၂၃ နှစ်သားတစ်ဦးကဲ့သို့ ကစားနိုင်စွမ်းရှိနေသေးသည်ဟု ၀င့်ကြွားပြောဆိုလိုက်ပြီး လက်ရှိကိုယ်ခန္ဓာဖွဲ့စည်းမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုပါက အသက် ၄၁ နှစ်အရွယ်တိုင်သည်အထိ ကစားသမားဘ၀ကို ကြံ့ခိုင်မှုအပြည့်ဖြင့် ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်းလည်း စီရော်နယ်ဒိုက ဆက်လက် အသိပေးသွားခဲ့သေးသည်ဟု Marca က ဖော်ပြထားသည်။
မော်ရိုကိုနွယ်ဖွား စပိန်နိုင်ငံသူ ကိုယ်ဟန်ပြမယ် အေမယ်လ်ဆာဘားသည် သူမအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် မမေ့နိုင်ဖွယ်ရာ ညတစ်ညကို ဖြတ်သန်းခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ယင်းသို့သော သူမတို့နှစ်ဦး၏ပတ်သက်ခဲ့မှုကြောင့် စီရော်နယ်ဒိုနှင့် ရုရှားကိုယ်ဟန်ပြမယ် အိုင်ရီနာရှက်ခ်တို့၏အချစ်ရေး အက်ကြောင်းထင်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု အေမယ်လ်ဆာဘားက အသိပေးသွားခဲ့သေးကြောင်း The Sun က ဖော်ပြထားသည်။
19-May-2018 tagged as Soccer Manchester United C Ronaldo Cantona
မန်ယူအသင်းအားပေးသူများသည် အသင်း၏ထာဝရအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမား နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းတွင် တိုက်စစ်မှူး ကန်တိုနာ မပါရှိခဲ့သည်ကို လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါက မည်သို့မျှ လက်လွတ်ခံမည်မဟုတ်ဟု အသိပေးလိုက်ပြီး စီရော်နယ်ဒိုသာ မန်ယူထံသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုပါက အမြဲပင် တံခါးဖွင့်ထားကြောင်းလည်း မော်ရင်ညိုက ဆက်လက် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းနှင့် လမ်းခွဲသွားခဲ့ပြီဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ၂၂ နှစ်တာကာလအတွင်းအကြီးမားဆုံးသော ဆုံးရှုံးနစ်နာမှုမှာ စီရော်နယ်ဒိုကို မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ၎င်းကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့နှင့် နှိုင်းယှဉ်ချီးကျူးသည်ကို လက်မခံနိုင်ကြောင်း ဖွင့်ဟပန်ကြားလိုက်ပြီး ယင်းကစားသမားနှစ်ဦး၏အောင်မြင်မှုကို လိုက်မီနိုင်ရန်အတွက် ၎င်းအနေနှင့် ယခုထက်ပို၍ များစွာ ကြိုးစားရလိမ့်ဦးမည်ဟု ဆာလားဟ်က ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဦးနှောက်တွင်း သွေးယိုစီးမှုဝေဒနာကို အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ဝေဒနာသက်သာကာ စကားပြောဆိုနိုင်သည်နှင့် ဘောလုံးလောကနှင့်သက်ဆိုင်သည့် အကြောင်းအချင်းအရာများကိုသာ မရပ်မနား ပြောကြားနေကြောင်း မိသားစုဝင်များက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
07-May-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ၎င်း၏ဒဏ်ရာမှာ ဆိုးရွားခြင်းမရှိသည့်အတွက် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝသောအနေအထားသို့ ပြန်ရောက်လာလိမ့်မည်ဟု စီရော်နယ်ဒိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ဂိုးသမားနေရာကလွဲ၍ အခြားသောနေရာများတွင် ကစားသော ကစားသမားများအနက် ပွဲအများဆုံးကစားခွင့်ရ ကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ပြီး စီရော်နယ်ဒိုမှာ လက်ရှိတွင် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ချန်ပီယံလိဂ်ပွဲစဉ်အရေအတွက် ၁၅၂ ပွဲ ကစားခွင့်ရခဲ့ပြီးပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer La Liga Messi C Ronaldo
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သူ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုထက် ၀င်ငွေရရှိမှုတွင် ပေါင် ၂၈ သန်း ပိုများလိမ့်မည်ဖြစ်ပြီး ယခုဝင်ငွေရရှိမှုကို အခြေခံလုပ်ခလစာ၊ အပိုဆုကြေးနှင့် စပွန်ဆာကြေးရရှိမှုများအပေါ်တွင်မူတည်ကာ တွက်ချက်ထားခြင်းဖြစ်ကြောင်း France Football က ဖော်ပြထားသည်။