News

POST TAGGED AS

BURNLEY

07-Aug-2018 tagged as Soccer Premier League Burnley Joe Hart
ပွဲထွက်ဂိုးသမားများကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်အနားပေးလိုက်ရသည့် ဘန်လေအသင်းသည် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်အောက်တွင် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ဂျိုးဟတ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃ ဒသမ ၅ သန်း အသုံးပြု၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Jul-2018 tagged as Soccer Burnley Nick Pope
ဘန်လေဂိုးသမား နစ်ခ်ပုပ်သည် အဘာဒင်းနှင့် ဘန်လေတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ယူရိုပါလိဂ်ခြေစစ်ပွဲတွင် ပုခုံးအဆစ်လွဲချော်သွားခဲ့ခြင်းကြောင့် ခြောက်လကြာ အနားယူ၍ ဆေးကုသမှုခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Jan-2018 tagged as Soccer Premier League Burnley Sean Dyche
ဘန်လေနည်းပြ ရှောင်ဒိုင်ချီသည် ယနေ့ခေတ်ဘောလုံးလောကတွင် ဖြတ်သန်းကျင်လည်နေသော ထိပ်တန်းကစားသမားများအနေနှင့် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင်တစ်သန်းအထိပင် ရသင့်သည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး ဘောလုံးအားကစားနည်းမှာ လက်ရှိတွင် ဖျော်ဖြေရေးအသွင်ဆောင်လာခဲ့ပြီဖြစ်၍ ဖျော်ဖြေရေးသမားများရရှိနေသော အကျိုးခံစားခွင့်မျိုးကို ဘောလုံးသမားများလည်း ရရှိသင့်ကြောင်း ရှောင်ဒိုင်ချီက ထောက်ပြသွားသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဘန်လေကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီးတွင် ပွဲကစားနေချိန်အတွင်း ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် စကားအချေအတင်ဖြစ်ခဲ့သည့်ကိစ္စကို ပြန်လည်ဝန်ချတောင်းပန်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဘန်လေကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အာဆင်နယ်အသင်း အနိုင်ဂိုးရရှိစေရန် ပင်နယ်တီ သတ်မှတ်ပေးခဲ့သော ဒိုင်လူကြီး လီမာဆန်၏ဆုံးဖြတ်ချက်မှာ မှန်ကန်မှုအပြည့်ရှိကြောင်း ထောက်ခံပြောဆိုသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
23-Oct-2017 tagged as Soccer Premier League Burnley Dyche
ဘန်လေနည်းပြ ရှောင်ဒိုင်ချီသည် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့်ကိစ္စကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန် တိုက်တွန်းတောင်းဆိုနေသော နည်းပြမှာ ၎င်းတစ်ဦးတည်းသာရှိသည့်အတွက် လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပြီး အခြားသောနည်းပြများမှာ ကိုယ်တိုင်ထိခိုက်နစ်နာရသည့်အချိန်မျိုးကလွဲ၍ ယင်းကိစ္စကို စိတ်ဝင်စားခြင်းမရှိကြောင်း မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။