News

POST TAGGED AS

BUNDESLIGA

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဗီဒယ်လ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၇ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့ကို လာမည့်ရက်အနည်းငယ်အတွင်းတွင် အပြီးသတ်နိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်းလည်း Daily Star က ဖော်ပြထားသည်။
ဒေါ့မွန်ကွင်းလယ်ကစားသမား ပါပါစတာသိုပူးလော့စ်၏ဖခင်ဖြစ်သူသည် ၎င်း၏သားမှာ အာဆင်နယ်ကလွဲ၍ အခြားသောအသင်းများထံသို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်ကြောင်း၊ ဒေါ့မွန်နှင့် မန်ယူအကြားတွင် ပါပါစတာသိုပူးလော့စ်အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း ပါပါစတာသိုပူးလော့စ်က သဘောတူလက်ခံလိမ့်မည်မဟုတ်၍ အပြောင်းအရွှေ့ဖြစ်မြောက်ရန်မှာ ခက်ခဲနိုင်ကြောင်း ပြောကြားသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
30-May-2018 tagged as Soccer Bundesliga Bayern Munich Lewandowski
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းရန် သေချာနေပြီဟု အသိပေးပြောကြားလိုက်ပြီဖြစ်ကာ လက်ရှိတွင် လီဝန်ဒေါစကီးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး လီဝန်ဒေါစကီးကို ရရှိမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏကို ပေါင်သန်း ၁၀၀ အသုံးပြုရန်အထိ ချယ်လ်ဆီးက ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
ဒေါ့မွန်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းနည်းပြဟောင်း ဖာဗရေးကို ခေါ်ယူခန့်အပ် တ၀န်ပေးလိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ငွေသားနှင့်အတူ အလိုက်ပေးလိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ကလပ် ဒပ်ဆယ်လ်ဒေါ့ဖ်အသင်းသည် စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ဒိုင်နမိုဒရက်စ်ဒင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရလဒ်ကို ရယူလိုက်နိုင်ခြင်းနှင့်အတူ ဘွန်ဒက်စ်လီဂါသို့ တစ်ကျော့ပြန်လည် တန်းတက်ရောက်လာခဲ့ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ်စကီးကိုခေါ်ယူရန် မူအရ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် လီဝန်ဒေါစကီးမှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းတိုက်စစ်မှူး တီမိုဝါနာသည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အခွင့်ရမည်ဆိုပါက မန်ယူနှင့် မန်စီးတီးတို့အနက် တစ်သင်းထံသို့ ပြောင်းရွှေ့ခွင့်ရလိုသည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်တော့မည်မဟုတ်ဘဲ အသင်းထံတွင်သာ ဆက်လက်ထိန်းသိမ်းသွားတော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။