News

POST TAGGED AS

BUFFON

07-Jul-2018 tagged as Soccer PSG Ligue Buffon
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဝါရင့်ဂိုးသမားကြီးဘူဖွန်ကို တစ်နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူကာ အသင်းကစားသမားအဖြစ် တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2018 tagged as Soccer PSG Ligue Buffon
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဂျူဗင်တပ်အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သော ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို ခေါ်ယူရန်အတွက် လျင်မြန်စွာ လှုပ်ရှားကြိုးပမ်းလိုက်ပြီဖြစ်ပြီး ၎င်းတို့နှင့် ဘူဖွန်အကြားတွင် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဟု ပီအက်စ်ဂျီက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
17-May-2018 tagged as Soccer Premier League Buffon Juventus
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂျူဗင်တပ်ကို စွန့်ခွာတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာသည့်တိုင် ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းနေဦးမည်ဖြစ်ကြောင်း ဘူဖွန်က အသိပေးထားသည်ဟု Daily Star က ဖော်ပြထားသည်။
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် ဂျူဗင်တပ်အသင်းအားပေးသူပရိသတ်များသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၎င်း၏ဒုတိယမြောက်သွင်းဂိုးအတွက် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Buffon Juventus
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအသင်းရွေးချယ်ရာတွင်လည်း ဂျူဗင်တပ်အသင်းက ကစားသမား ခုနစ်ဦးဖြင့် အရေအတွက်အများဆုံး ပါဝင်သွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Italy Buffon Juventus
နိုင်ငံတကာလက်ရွေးစင်ကစားသမားဘ၀က အနားယူပြီဖြစ်ကြောင်း အတည်ပြုထားပြီဖြစ်သည့် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် လိုအပ်လာခဲ့မည်ဆိုပါက ၎င်းအနေနှင့် ပြန်ကစားပေးရန် အမြဲတစေ အဆင်သင့်ရှိနေမည်သာဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Football Italia က ဖော်ပြထားသည်။
14-Nov-2017 tagged as World Cup Italy Sweden Buffon
အီတလီလက်ရွေးစင်ဘောလုံးအသင်းသည် ဆွီဒင်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန် Play-Off ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ နှစ်ပေါင်း ၆၀ ကာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးမှုဖြင့် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကြုံဆုံလိုက်ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။