News

POST TAGGED AS

BRAZIL

15-May-2018 tagged as World Cup Brazil Socc Tite
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီသည် ရုရှားနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် နာမည်ကြီး ကစားသမားများနှင့်အတူ ကစားသမားသစ်အချို့ ပါဝင်လာခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Brazil PSG Ligue Dani Alves
ပီအက်စ်ဂျီနောက်ခံကစားသမား အဲလ်ဗက်စ်သည် ဒဏ်ရာပြဿနာကြောင့် ရုရှားနိုင်ငံတွင် လာမည့် ဇွန်လ ၁၄ ရက်နေ့ကစ၍ ကျင်းပသွားတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-Feb-2018 tagged as Soccer Brazil 2018 World Cup (new) Tete
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီသည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့် ပွဲထွက်လူစာရင်းကို တင်ကြိုအသိပေးလိုက်ပြီဖြစ်ပြီး ယင်းပွဲထွက်လူစာရင်းတွင် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုနှင့် ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးလ်ဗားတို့ ပါဝင်လာခြင်း မရှိခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
03-Jan-2018 tagged as Soccer Neymar Brazil PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ဥရောပရောက် ဘရာဇီးကစားသမားများအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကာ နေမာမှာ ယင်းဆုကို နောက်ဆုံးလေးနှစ်တာကာလ ဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ရရှိခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Dec-2017 tagged as Soccer Premier League Neymar Brazil PSG
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရရှိခဲ့သည့် နောက်ကျောဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်ဖြစ်ကာ ကစားသမားဘ၀ အဆုံးသတ်သွားမည်ကို လွန်စွာ စိုးရိမ်ပူပန်ခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ် ဂျီးဆပ်စ်သည် ၎င်း၏ကစားသမားဘ၀ စတင်မှု အစောပိုင်းကာလများမှာ လွန်စွာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး ဘောလုံးကစားနိုင်ရန်အတွက် လူဆိုးလူမိုက်များကျင်လည်ရာနေရာအနီးရှိ အကျဉ်းထောင်ဘောလုံးကွင်းသို့ နေ့စဉ် နံနက်ငါးနာရီခန့်တွင် အိပ်ရာထ၍ သွားရောက်ခဲ့ရဖူးကြောင်း ဂါဘရီရယ်လ် ဂျီးဆပ်စ်က အသိပေးသွားခဲ့သည်ဟု Four Four Two က ဖော်ပြထားသည်။