News

01-Aug-2018

Soccer Neymar Brazil PSG Ligue
တောင်းပန်စကား ပြောကြားခဲ့ခြင်းကြောင့် နေမာ ပေါင်နှစ်သိန်း ၀င်ငွေရရှိ

ပဲရစ်၊ သြဂုတ် ၁

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးကာ လူးလိမ့်သရုပ်ဆောင်ခဲ့သည့်လုပ်ရပ်ကို ၀န်ချတောင်းပန်စကားပြောကြားလိုက်ခြင်းကြောင့် ၀င်ငွေပမာဏ ပေါင်နှစ်သိန်း ရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

နေမာသည် ကြာမြင့်ချိန်ပမာဏ စက္ကန့် ၉၀ ရှိသည့် ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်၍ တောင်းပန်စကားပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်း၏လုပ်ရပ်မှာ လူငယ်များ အတုယူလွဲမှားသွားနိုင်ခြင်းကြောင့် ယခုကဲ့သို့ ၀န်ချတောင်းပန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ယင်းဗီဒီယိုဖိုင်တွင် နေမာက ရှင်းပြထားသည်။

နေမာနှင့်စပွန်ဆာစာချုပ် ချုပ်ဆိုထားသော စီးပွားရေးလုပ်ငန်းစုများသည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း နေမာ လုပ်ဆောင်ခဲ့သော လုပ်ရပ်များကြောင့် ၎င်း၏ပုံရိပ်ကို အသုံးပြု၍ ရောင်းချသော ကုန်ပစ္စည်းများ ဈေးကွက်ဝယ်လိုအား ကျဆင်းမှုဖြင့် ရင်ဆိုင်လိုက်ရပြီး နေမာက ၀န်ချတောင်းပန်စကားပြောကြားလိုက်သော ဗီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာများထက်သို့ လွှင့်တင်ပေးလိုက်အပြီးတွင် ဈေးကွက်ဝယ်လိုအား ပြန်လည် မြင့်တက်လာခြင်းကြောင့် ၎င်းနှင့်စပွန်ဆာစာချုပ်ချုပ်ဆိုထားသော စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည့် ဂျီးလက်မုတ်ဆိတ်ရိတ်ပစ္စည်းများထုတ်လုပ်ရောင်းချရေးက ယခုကဲ့သို့ ပေါင်နှစ်သိန်း ပေးအပ်လိုက်ခြင်းဖြစ်သည်။




FOLLOW US