News

POST TAGGED AS

BRAZIL FAN

02-Jul-2018

Soccer World Cup Brazil Brazil Fan
လည်ပင်းကို ဝိုင်ခွက်ထိုးစိုက်မိသဖြင့် ဘရာဇီးပရိသတ်တစ်ဦး သေဆုံး

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂

ဘရာဇီးအသင်းပရိသတ်တစ်ဦးဖြစ်သော အသက် ၃၀ အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ဘရာဇီးအသင်း နိုင်ပွဲရရှိခဲ့သည်ကို အောင်ပွဲခံခဲ့ရာ၌ လည်ပင်းကို ဝိုင်ခွက်ထိုးစိုက်မိကာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း Daily Star က ဖော်ပြထားသည်။

တမ်ရာ မိုင်အိုချီအမည်ရ အမျိုးသမီးငယ်သည် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၏အရှေ့တောင်ဘက်တွင်ရှိသော အိုင်တာတီးဘားပြည်နယ်တွင် သူမနေအိမ်၌ သူငယ်ချင်းများနှင့်အတူ ဘရာဇီးက ဆားဘီးယားကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲစဉ်အား အားပေးကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် အသင်းနောက်တစ်ဆင့်တက်နိုင်ခဲ့သည်ကို အောင်ပွဲခံရာ၌ မိုင်အိုချီက အသက်ဆုံးရှုံးရသည်အထိ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

မိုင်အိုချီသည် ဆိုဖာထိုင်ခုံထက်တွင် လက်တစ်ဖက်က ဟမ်းဖုန်းကို ကိုင်ထားပြီး အခြားတစ်ဖက်က ဝိုင်ခွက်ကို ကိုင်ကာ ဘောလုံးပွဲကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ဘရာဇီးအသင်း နိုင်ပွဲရသည်ကို အောင်ပွဲခံရန် ရုတ်တစ်ရက် မတ်တပ်ရပ်လိုက်ချိန်တွင် သူမက ဟန်ချက်ပျက်ကာ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သူမနှင့်အတူရှိနေခဲ့သော သူငယ်ချင်းများက ပြောကြားသွားခဲ့သည်။

မိုင်အိုချီ ဟန်ချက်ပျက်သွားချိန်တွင် သူမ၏လက်တွင် ကိုင်ထားသော ဝိုင်ခွက်မှာ ကြမ်းပြင်ထက်သို့ အရှိန်ဖြင့်ကျ၍ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီး မိုင်အိုချီ လဲကျချိန်တွင် ယင်းဖန်ခွက်အပိုင်းအစများက သူမ၏လည်ပင်းကို ထိုးစိုက်ကာ သွေးပြန်ကြောကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားခြင်းကြောင့် အသက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကလည်း အတည်ပြုထားပြီဖြစ်သည်။




FOLLOW US