News

21-Aug-2018

Soccer Premier League Manchester City Bravo
ဘရာဗို ဒဏ်ရာပြဿနာကြောင့် ခြောက်လနားရမည်

မန်ချက်စတာ၊ သြဂုတ် ၁၂

မန်စီးတီးအရန်ဂိုးသမား ကလော်ဒီယို ဘရာဗိုသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ခြေဖနောင့်ကြောဒဏ်ရာ ရသွားခဲ့သည့်အတွက် ကာလရှည်အနားယူရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မန်စီးတီးအသင်းဆေးအဖွဲ့သည် လက်ရှိတွင် ဘရာဗိုကို စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ ဒဏ်ရာကို စစ်ဆေးမှုခံယူရန် စေလွှတ်ထားပြီး ယင်းကဲ့သို့သော ဒဏ်ရာအမျိုးအစားမှာ အလျဉ်းသက်သာပျောက်ကင်းရန်အတွက် ခြောက်လခန့် အချိန်ယူကုသရန် လိုအပ်ကြောင်း မန်စီးတီးအသင်းဆေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ပရီးမီးယားလိဂ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ဝါရင့်ဂိုးသမား ဂျိုးဟတ်ကို ၀က်စ်ဟမ်းထံသို့ ရောင်းထုတ်ပေးလိုက်ပြီး လက်ရှိတွင် လူငယ်ဂိုးသမား ဂရင်းမ်ရှောကို ပွဲထွက်ဂိုးသမား အီဒါဆင်၏နောက်၌ အရန်အဖြစ် ထားရှိအသုံးပြုရန် အသင်းကြီးထံသို့ ဂွါဒီယိုလာက အရေးပေါ်ခေါ်ယူလိုက်ရပြီဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးကို ဂွါဒီယိုလာတာဝန်ယူသည့် ပထမဆုံးသော ဘောလုံးရာသီ၌ပင် ဘာစီလိုနာမှနေ၍ မန်စီးတီးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး မန်စီးတီးထံတွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိချိန်ကာလအတွင်း အမှားအယွင်းများလွန်းခဲ့သည့်အတွက် နည်းပြ ဂွါဒီယိုလာက ပွဲထွက်နေရာအတွက် အီဒါဆင်ကို ထပ်မံခေါ်ယူ၍ ၎င်းကို အရန်အဖြစ် ထားရှိလိုက်ခြင်းဖြစ်သည်။




FOLLOW US