News

ဒီဘရိုင်နေး နှစ်လ၀န်းကျင် နားရမည်

မန်ချက်စတာ၊ သြဂုတ် ၁၇

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် နှစ်လခန့် အနားယူ ဆေးကုသခံရတော့မည်ဖြစ်ပြီး ဒီဘရိုင်းနေးအနေနှင့် အစောဆုံးအဖြစ် လာမည့် အောက်တိုဘာလ လလယ်ခန့်သို့ရောက်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်သည်ဟု မန်စီးတီးက သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ 

ဒီဘရိုင်နေးသည် လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့်နေရာများကို ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြင့် ကျပ်စည်းထားရဆဲဖြစ်ပြီး လမ်းလျှောက်ရာတွင်လည်း ၎င်းက လမ်းလျှောက်တုတ်များ၏အကူအညီကိုရယူကာ အားပြုနေရလျက်ရှိသည်။ 

ဒီဘရိုင်နေးသည် လွန်ခဲ့သည့်ကြာသပတေးနေ့၌ စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့သွားရောက်၍ ၎င်း၏ဒဏ်ရာကို ဒေါက်တာ ရေမွန်ကူဂတ်နှင့်ပြသခဲ့ပြီး ကူဂတ်မှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏လေးစားယုံကြည်မှုများကို အပြည့်အ၀ရရှိထားသော ဆရာဝန်ကြီးတစ်ဦးပင်ဖြစ်သည်။ 

ဒေါက်တာကူဂတ်သည် ဒီဘရိုင်နေးရရှိထားသော ဒဏ်ရာမှာ ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ဘဲ အနားယူလိုက်ရုံမျှဖြင့် ပျောက်ကင်းသက်သာသွားလိမ့်မည်ဟု မှတ်ချက်ပေးထားသည်။



FOLLOW US