News

POST TAGGED AS

BOXING

23-Sep-2018 tagged as Boxing Joshua Povetkin
ဗြိတိန်လက်ဝှေ့ကစားသမား ဂျိုရွှာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ၀င်ဘလေအားကစားကွင်းတွင် ရုရှားလက်ဝှေ့ကစားသမား ပိုဗက်ကင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲစဉ်၌ အလဲထိုးရလဒ်ဖြင့် အနိုင်ရယူကာ ၎င်း၏ရာနှုန်းပြည့်အနိုင်ရလဒ်စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
18-Sep-2018 tagged as Boxing Floyd Mayweather Pacquiao
ကစားသမားဘ၀ဖြတ်သန်းမှုကို ရှုံးပွဲမရှိစံချိန်ဖြင့်ဖြတ်သန်းကာ အနိုင်ပိုင်းအနားယူသွားခဲ့သော အမေရိကန်ဝယ်လ်တာဝိတ်တန်းလက်ဝှေ့ကစားသမား မေ၀ယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကွီယာအိုတို့သည် လာမည့်ဒီဇင်ဘာတွင် စိတ်မကျေပွဲပြန်လည်ထိုးသတ်ရန် စီစဉ်နေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ယင်းပွဲစဉ်ဖြစ်မြောက်ရေးအတွက် ယခုသီတင်းပတ်အတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်စေရန် ပွဲစီစဉ်သူများကလည်း စီမံစိုင်းပြင်းနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
16-Sep-2018 tagged as Boxing Golovin Alvarez
ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက် ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ရရှိပိုင်ဆိုင်ထားခဲ့သော ကာဇက်စတန်လက်ဝှေ့ကစားသမား ဂိုလော့ဗ်ကင်သည် မက္ကဆီကိုလက်ဝှေ့ကစားသမား ဆောလ်အယ်လ်ဗာရက်ဇ်နှင့် စိတ်မကျေပွဲယှဉ်ပြိုင်ထိုးသတ်ရာတွင် ပထမဆုံးသောရှုံးပွဲကို ရင်ဆိုင်ကြုံဆုံလိုက်ရပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ပွဲစဉ်ကို အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လတ်စ်ဗီးဂတ်စ်မြို့ရှိ တီမိုဘိုင်းအရီနာလက်ဝှေ့ရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
09-Sep-2018 tagged as Boxing Amir Khan
ဗြိတိန်လက်ဝှေ့ကစားသမား အေမာခန်းသည် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော စိန်ခေါ်ပွဲစဉ်တွင် ကနေဒါနှင့် ကိုလံဘီယာ နှစ်နိုင်ငံသားခံယူထားသည့် ကိုလံဘီယာနွယ်ဖွား လက်ဝှေ့ကစားသမား ဆန်မြူရယ်လ် ဗားဂတ်စ်ကို အမှတ်ဖြင့်အနိုင်ရရှိသွားခဲ့ပြီး ရှေ့လာမည့်ပွဲစဉ်တွင် တစ်နိုင်ငံတည်းသား လက်ဝှေ့ကစားသမား ကဲလ်ဘရုခ်နှင့် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုတို့အနက်မှ တစ်ဦးနှင့် ထိုးသတ်လိုသည်ဟု အေမာခန်းက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
15-Jul-2018 tagged as Boxing Pacquiao Matthysse
အသက် ၃၉ နှစ်အရွယ်ရှိ ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အေဇိုင်အေတာအရီနာ လက်ဝှေ့ရုံတွင် အာဂျင်တီးနားလက်ဝှေ့ကစားသမား မိုင်သိုင်ဆီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော အထူးပွဲစဉ်၌ အလဲထိုးရလဒ်ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
01-Apr-2018 tagged as Boxing Joshua Joseph Parker
ဗြိတိန်လက်ဝှေ့ကစားသမား အန်သိုနီ ဂျိုရွှာသည် ဝေလနိုင်ငံ ကာဒစ်ဖ်မြို့ရှိ ပရင်စီပယ်လ်အားကစားကွင်းကြီးတွင် ကျင်းပပြီးစီးသွားခဲ့သော WBO ချန်ပီယံရွှေခါးပတ်လုပွဲ ပွဲစဉ်တွင် နယူးဇီလန်လက်ဝှေ့ကစားသမား ဂျိုးဆက်ပ်ပါကားကို အမှတ်ဖြင့် အနိုင်ယူ၍ အောင်ပွဲခံသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
03-Jan-2018 tagged as Boxing Mike Tyson Weed USA
သံမဏိမိုက်ဟု အမည်ပြောင်ပေးအပ်မှည့်ခေါ်ခြင်းခံခဲ့ရသည့် ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အမေရိကန်လက်ဝှေ့ကစားသမား မိုက်တိုင်ဆန်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆေးခြောက်စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ရန် စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
29-Oct-2017 tagged as Boxing Sport Joshua Heavyweight
ဗြိတိန် ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ဂျိုရွှာသည် ၎င်းဆွတ်ခူးရရှိထားသည့် ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်များအတွက် သရဖူကာကွယ်ပွဲအဖြစ် ပြင်သစ်ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ကားလို့စ်တာကမ်းနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။