News

POST TAGGED AS

BELLERIN

အာဆင်နယ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အဓိကကစားသမားအချို့ကို လက်လွှတ်ရမည့် အခြေအနေများရှိနေပြီဖြစ်ကာ အာဆင်နယ်ကိုစွန့်ခွာရန် ပြင်ဆင်နေသည့်ကစားသမားများအနက်တွင် ဘယ်လာရင်နှင့် ရမ်ဆေးတို့လည်း ပါဝင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
08-Mar-2018 tagged as Soccer Premier League Arsenal Bellerin
အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတော့မည်ဖြစ်၍ ကာလအတန်ကြာ အနားယူရဖွယ်ရှိနေပြီဖြစ်ကာ ဘယ်လာရင် ဒဏ်ရာရသွားခြင်းမှာ အာဆင်နယ်အတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ်ဖြစ်လာတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
07-Mar-2018 tagged as Soccer Premier League Arsenal Bellerin
အာဆင်နယ်ညာနောက်ခံကစားသမား ဘယ်လာရင်သည် ၎င်းအနေနှင့် ဘရိုက်တန်က အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်မရမည့် အကြောင်းကိစ္စကို ပွဲစရန် နှစ်နာရီခန့်အလိုသို့ရောက်မှ သိရှိခွင့်ရခဲ့သည့်အတွက် နည်းပြ အာစင်ဝင်းဂါးကို ဒေါသပေါက်ကွဲနေကြောင်း The Sun က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယားစ်မော်ဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အင်တာဗျူးခွင့်ရသည့် အစီအစဉ်တစ်ခုတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အနားယူသွားခဲ့ပါက ယင်းရာထူးကို ဆက်ခံ၍ အလုပ်လုပ်ရန် စိတ်ဝင်စားခြင်း ရှိ၊ မရှိ အံ့သြသင့်ဖွယ် ထည့်သွင်းမးမြန်းသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။