News

POST TAGGED AS

BELGIUM

ဟားဇတ်၏ဖခင် သီယာရီသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်မီတွင် ၎င်း၏သားဖြစ်သူကို ခေါ်ယူပေးပါရန် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများထံသို့ တိုက်ရိုက်ဆက်သွယ်၍ ကမ်းလှမ်းခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘယ်လ်ဂျီယံနောက်ခံလူ ကွမ်ပနီသည် ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲတွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် လွဲချော်ရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ကွမ်ပနီကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ထားခဲ့ရမည်ဆိုပါက အသင်းခံစစ်၌ အားနည်းချက်များရှိသွားမည်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-May-2018 tagged as Soccer World Cup Belgium Nainggolan
ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန် အခွင့်အရေးကို လက်လွှတ်လိုက်ရအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်း၍ အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်ပစ်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ပမာဏလူစာရင်းထုတ်ပြန်ရာတွင် ၎င်းကို နည်းပြ မာတီနက်ဇ်က ချန်လှပ်ဖယ်ထုတ်ခဲ့သည့်အတွက် လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း BBC က ဖော်ပြထားသည်။
08-Feb-2018 tagged as Soccer Premier League Chelsea Belgium Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံနိုင်ငံပြင်ပရှိ နိုင်ငံခြားလိဂ်များတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ဘယ်လ်ဂျီယံကစားသမားများအနက်မှနေ၍ အကောင်းဆုံးကစားသမားဆု ရွေးချယ်ပေးအပ်ချီးမြှင့်ရာတွင် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးကို ကျော်ဖြတ်၍ ယင်းဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Nov-2017 tagged as Soccer Manchester United Lukaku Belgium
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတိုက်စစ်မှူး လုကာကုသည် ဘယ်လ်ဂျီယံက ဂျပန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
13-Nov-2017 tagged as Soccer World Cup Morocco Belgium Riot
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် မော်ရိုကိုနွယ်ဖွား ဘောလုံးပရိသတ်များက မော်ရိုကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့်အတွက် အလွန်အကျူး အောင်ပွဲခံခဲ့ရာကတစ်ဆင့် မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။