News

POST TAGGED AS

BECKHAM

ဖာဂူဆန်ခေတ်အလွန် မန်ယူဆီကို ရောက်လာတဲ့ နည်းပြတိုင်းဟာ သူတို့နည်း သူတို့ဟန်နဲ့ ကျောနံပါတ် ၇ လက်သစ် ကစားသမားတစ်ဦးစီကို စင်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မန်ယူရဲ့ကျောနံပါတ် ၇ ဆိုတာကလည်း တော်တန်ရုံ အရှိန်အဝါမျိုး မဟုတ်ပါဘူး။ ဒီကျောနံပါတ်ကို ဆက်ခံခွင့်ရတဲ့ ကစားသမားဟာ သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးဖို့ အခွင့်အရေးရတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ မန်ယူရဲ့ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ဖြတ်သန်းမှုကို တည်ထောင်ခဲ့ကြသူတွေပါ။ အဲ့ဒီမတိုင်ခင်ကလည်း ဂျော့ခ်ျဘက်စ်နဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့လို ပရိသတ်ချစ် ကျောနံပါတ် ၇ ကစားသမားတွေ မန်ယူဆီမှာ ရှိခဲ့ဖူးပါတယ်။
01-Jan-2018 tagged as Soccer England Beckham
အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်း၏ဘက်ခမ်းအမှတ်တံဆိပ် အသုံးပြုခြင်းဆိုင်ရာ မူပိုင်ခွင့်အတွက် လွန်ခဲ့သည့် ၂ နှစ်အတွင်း ၀င်ငွေပမာဏ ပေါင် ၂၉ သန်း ရှာဖွေရရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။