News

POST TAGGED AS

BAYERN MUNICH

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုအာတန်ကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကာ ဘိုင်ယန်မြူးနစ်မှာ အနိမ့်ဆုံးအဖြစ် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်းရရှိမှသာလျှင် ဘိုအာတန်ကို လက်လွှတ်ပေးမည့် အခြေအနေများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဗီဒယ်လ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၇ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့ကို လာမည့်ရက်အနည်းငယ်အတွင်းတွင် အပြီးသတ်နိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်းလည်း Daily Star က ဖော်ပြထားသည်။
30-May-2018 tagged as Soccer Bundesliga Bayern Munich Lewandowski
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းရန် သေချာနေပြီဟု အသိပေးပြောကြားလိုက်ပြီဖြစ်ကာ လက်ရှိတွင် လီဝန်ဒေါစကီးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဘိုင်ယန်မြူးနစ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျာဗီ မာတီနက်ဇ်သည် လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် စပိန်ဘောလုံးပရိသတ် ထက်ဝက်က လီဗာပူးကို အားပေးရန် အသင့်ရှိနေကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး လီဝန်ဒေါစကီးကို ရရှိမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏကို ပေါင်သန်း ၁၀၀ အသုံးပြုရန်အထိ ချယ်လ်ဆီးက ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်တို့သည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များတွင် ရလဒ်ကောင်းများ ရယူနိုင်ခြင်း မရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်များအရ နိုင်ပွဲများကိုယ်စီရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် နည်းပြဂျက်ပ်ဟေးနက်ခ်၏နေရာကို အစားထိုးရန်အတွက် နည်းပြသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ကာ ဘိုင်ယန်မြူးနစ်နည်းပြသစ်ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည်မှာ စပါးနည်းပြ ပိုချက်တီနိုဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ်စကီးကိုခေါ်ယူရန် မူအရ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် လီဝန်ဒေါစကီးမှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်သည် ၎င်းကိုခေါ်ယူရန် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူလိုက်ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။