News

POST TAGGED AS

BATSHUAYI

ချယ်လ်ဆီးအသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ၎င်းတို့၏တိုက်စစ်မှူး ဘတ်ရွှာယီအား အပြီးသတ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ပေးရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ဘတ်ရွှာယီအပြောင်းအရွှေ့အတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ ဆွေးနွေးမှုများရှိလာနိုင်ကြောင်း Daily Star က ဖော်ပြထားသည်။
ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးအသင်းထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်း အသုံးပြုရန် စီစဉ်ထားပြီး လက်ရှိတွင်မူ ဘတ်ရွှာယီအတွက် ဒေါ့မွန်ဘက်က ဆက်သွယ်ကမ်းလှမ်းမှုများအားလုံးကို ချယ်လ်ဆီးက ငြင်းဆန်ထားဆဲဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကိုခေါ်ယူနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ပူလီဆစ်ကို ရရှိနိုင်ရေးအတွက် ဘတ်ရွှာယီကို အလိုက်ပေးကမ်းလှမ်းရန်အထိ ချယ်လ်ဆီးက စီစဉ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ဘတ်ရွှာယီကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက အပြီးသတ်ရောင်းချရန် အစီအစဉ်မရှိဟု ငြင်းဆန်ပယ်ချနေသော်လည်း ၎င်းတို့ဘက်က လက်မလျှော့တမ်း ဆက်လက်ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် အာဆင်နယ်ထံသို့ တိုက်စစ်မှူး အော်ဘာမီယန်ကို ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရွှာယီကို အငှားပြန်ခေါ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
10-Dec-2017 tagged as Soccer Premier League Conte Chelsea Batshuayi
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်မှူး ဘတ်ရွှာယီကို အငှားချကာ ယင်းအစား တိုက်စစ်မှူးသစ်တစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။