17-Sep-2016

အယ်လ်ဘမ် Bastille
Bastille ဟာ အယ်လ်ဘမ် ထုတ်တိုင်း အောင်မြင်နေတော့မှာလား
၂၀၁၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ All This Bad Blood အယ်လ်ဘမ်နဲ့ ဗြိတိန်ရဲ့ အယ်လ်ဘမ် စာရင်းမှာ ထိပ်ဆုံးနေရာ ရောက်ခဲ့တဲ့ Bastille အဖွဲ့ဟာ စက်တင်ဘာ ၉ ရက်က ထုတ်ဝေခဲ့တဲ့ အယ်လ်ဘမ်သစ်ကြောင့် အောင်မြင်မှုတွေ ထပ်ပြီး ရရှိခဲ့ပြန်ပါတယ်။

Indie pop တေးသွားတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ Bastille ဟာ သူတို့ရဲ့ အယ်လ်ဘမ်သစ် Wild World ကို စက်တင်ဘာ ၉ ရက်နေ့က ဖြန့်ချိခဲ့ပြီး ဗြိတိန်ရဲ့ အယ်လ်ဘမ် စာရင်းမှာ ထိပ်ဆုံးနေရာ ရောက်ခဲ့ရပြန်ပါတယ်။

အဆိုတော် ဒမ်စမစ် ဦးဆောင်တဲ့ ဗြိတိန် ဂီတအဖွဲ့ဟာ ၂၀၁၀ ခုနှစ်မှာ အနုပညာ လှုပ်ရှားမှုတွေကို စတင် လုပ်ကိုင်လာတာ ဖြစ်ပြီး ခြောက်နှစ်တာ ကာလအတွင်း အယ်လ်ဘမ် ၂ ချပ်သာ ထုတ်ဝေခဲ့ရသေးပေမယ့် ရရှိတဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

ပြီးခဲ့တဲ့ All This Bad Blood အယ်လ်ဘမ်တုန်းက အမေရိကန်မှာ အယ်လ်ဘမ် အချပ်ရေ ၅ သန်းနဲ့ ဗြိတိန်မှာ အချပ်ရေ ၂သန်းခွဲလောက် ရောင်းချခဲ့ရတဲ့ ဘက်စတီးလ်အတွက်တော့ ဒီတစ်ခေါက် Wild World ဟာလည်း ထပ်ပြီး ဈေးကွက် ဝင်ဦးမလား ဆိုတာကတော့ မေးခွန်း ထုတ်စရာတောင် မလိုတော့ပါဘူး။

Ref : officialchat.com



FOLLOW US