News

POST TAGGED AS

BASLE

မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မန်ယူကစားသမားများက ပရော်ဖက်ရှင်နယ်စိတ်ဓာတ်မျိုးဖြင့် ကစားသွားခဲ့ခြင်း မရှိကြောင်း ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယင်းအတွက် အဆုံးသတ်တွင် ပွဲစဉ်အပေါ် အာရုံစူးစိုက်မှု နည်းပါးလွန်းခဲ့ခြင်းက မန်ယူကို ဒဏ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ၎င်း၏အသင်းမှာ စီအက်စ်ကေအေမော်စကိုနှင့် ယှဉ်ပြိုင်ကစားရမည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အရှုံးရလဒ်ဖြင့် ဆက်လက်ကြုံဆုံကောင်း ကြုံဆုံရနိုင်သော်လည်း နောက်တစ်ဆင့်တက်ရောက်မည်ကမူ လုံးဝသေချာကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။