News

POST TAGGED AS

BARCELONA

24-Nov-2017 tagged as Soccer La Liga Barcelona Messi Coutinho Ozil
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို ကွင်းလယ်ကို အားဖြည့်ရန်အတွက် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ထက် လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကိုသာ ခေါ်ယူစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး မက်ဆီကို အရန်အဖြစ် ထားရှိအသုံးပြုရန် ၎င်းအနေနှင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Nov-2017 tagged as Soccer La Liga Barcelona Suarez Pique
လာလီဂါပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဆွာရက်ဇ်နှင့် ပီကေးတို့ ကျခံကြရမည့် တစ်ပွဲပယ်ပြစ်ဒဏ်များအတွက် အယူခံတင်သွင်းရာတွင် ဆွာရက်ဇ်၏အယူခံမှာ အောင်မြင်ခဲ့သော်လည်း ပီကေး၏အယူခံမှာမူ ကျရှုံးခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
18-Nov-2017 tagged as Soccer La Liga Barcelona Catalan Javier Tebas
လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် ဘာစီလိုနာအသင်းအားပေးသူများက အိမ်ကွင်းပွဲစဉ်များတွင် စပိန်အစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များ ဆောင်ရွက်နေခြင်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဘာစီလိုနာအနေနှင့် ယင်းပရိသတ်များကို တာဝန်ယူထိန်းသိမ်းခြင်း မရှိပါက ကွင်းပိတ်ပြစ်ဒဏ် ချမှတ်အရေးယူခံရလိမ့်မည်ဟု လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက သတိပေးချက် ထုတ်ပြန်ထားပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
16-Nov-2017 tagged as Soccer La Liga Barcelona Messi
လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တီဘတ်စ်သည် ဘာစီလိုနာအသင်းနှင့် တိုက်စစ်မှူး မက်ဆီအကြားတွင် စာချုပ်သစ်ကို လက်မှတ်ရေးထိုးထားပြီးပြီဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မက်ဆီမှာ ဘာစီလိုနာထံတွင် ၂၀၂၁ ခုနှစ် ဇွန်လတိုင်သည်အထိ ဆက်ရှိသွားလိမ့်မည်ဟုလည်း တီဘတ်စ်က အသိပေးသွားခဲ့သေးကြောင်း El Mundo Deportivo က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် ရည်ရွယ်ထားခြင်းကို လက်လျှော့လိုက်ပြီဖြစ်ပြီး သောမတ်စ်လီမာကို အာဆင်နယ် မခေါ်ယူတော့ဟု ဆုံးဖြတ်လိုက်သည်မှာ ယင်းကစားသမားအတွက် မိုနာကိုဘက်က သတ်မှတ်ထားသည့်တန်ကြေးမှာ လွန်စွာ မြင့်မားလွန်းနေခြင်းကြောင့်ဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် ကစားသမား၏မိခင်ကလပ် အက်သလက်တီကိုအသင်းနှင့် မူအရ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း Le 10 Sport က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုသည် လီဗာပူးအသင်းတာဝန်ရှိသူများကို ၎င်းအား ပီအက်စ်ဂျီထံသို့ မဟုတ်ဘဲ ဘာစီလိုနာထံသို့သာ ရောင်းချပေးစေလိုသည်ဟု တောင်းဆိုပြောကြားထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြရမည့် စပိန်လာလီဂါ အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်သည် ကတ်တလန်ရွေးကောက်ပွဲနှင့် လွန်စွာ ရက်နီးကပ်နေသည့်အတွက် ယင်းရွေးကောက်ပွဲဖြစ်စဉ်များက ပွဲစဉ်အပေါ် သက်ရောက်ရိုက်ခတ်မှုများ ရှိလာမည်ကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ နှစ်သင်းလုံးက စိုးရိမ်ပူပန်နေကြောင်း Daily Mail က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer Premier League Barcelona Arsenal
အာဆင်နယ်အသင်းသည် ဘာစီလိုနာဒါရိုက်တာ ဆနယ်လီဟီကို ခေါ်ယူရန် သဘောတူညီမှုတစ်ရပ် ရရှိလိုက်ပြီဖြစ်ပြီး အာဆင်နယ်အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်မှာ ဆနယ်လီဟီကို ၎င်း၏ညာလက်ရုံးအဖြစ်ထားရှိရန် ခေါ်ယူလိုက်ခြင်းဖြစ်သည့်အတွက် ဂါဇီဒစ်နှင့် နည်းပြ အာစင်ဝင်းဂါးရှိ ပါဝါလွန်ဆွဲပွဲမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။