News

POST TAGGED AS

BARCELONA

14-Jan-2018 tagged as Soccer La Liga Barcelona Coutinho Arda Turan
ဘာစီလိုနာကွင်းလယ်ကစားသမား အာဒါတူရန်သည် တူရကီကလပ် ဘာဆက်ခ်ဆီဟာထံသို့ ၂ နှစ်ခွဲသက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ကာ ယင်းသို့ အာဒါတူရန် အသင်းပြောင်းသွားခဲ့သည့်အတွက် အာဒါတူရန် ၀တ်ဆင်ခဲ့သော ကျောနံပါတ် ၇ ကို ကော်တင်ညိုအနေနှင့် ဆက်ခံလိုပါက ဆက်ခံနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းတာဝန်ရှိသူများက အခွင့်အရေးပေးအပ်ထားပြီဟု Marca က ဖော်ပြထားသည်။
09-Jan-2018 tagged as Soccer La Liga Barcelona Coutinho Jordi Mestre
ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ဂျော်ဒီ မက်စ်ထရီသည် ၎င်းတို့အနေနှင့် ကော်တင်ညိုကို လျှော့ဈေးတစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ပြီး လီဗာပူးမှာ လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ကော်တင်ညို၏တန်ကြေးကို ယူရိုသန်း ၂၀၀ အထိ တောင်းဆိုကာ ဈေးတင်းခံခဲ့သည်ဟုလည်း မက်စ်ထရီက ရှင်းပြသွားခဲ့သေးကြောင်း BBC က ဖော်ပြထားသည်။
08-Jan-2018 tagged as Soccer La Liga Barcelona Coutinho Suarez
ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်ကစားသမား ကော်တင်ညိုနှင့် ကော်တင်ညို၏မိသားစုနေထိုင်ရန်အတွက် နေအိမ်ကို ကော်တင်ညို ပြောင်းရွှေ့ရောက်မလာမီကပင် တင်ကြိုရှာဖွေပေးထားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
07-Jan-2018 tagged as Liverpool Soccer La Liga Barcelona Coutinho
ဘာစီလိုနာအသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၄၅ သန်းဖြင့် ၀ယ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ကော်တင်ညိုနှင့် ဘာစီလိုနာအသင်းအကြား၌ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃၃ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်ပြီး ဘာစီလိုနာပရိသတ် ၇၀ ရာခိုင်နှုန်းကလည်း ကော်တင်ညိုကို အသင်းထံသို့ ခေါ်ယူပေးပါရန် လက်မှတ်ရေးထိုး တောင်းဆိုထားပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
နီကီဝက်ဘ်ဆိုက်သည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ဘာစီလိုနာအသင်းသားအဖြစ် ရေးသားဖော်ပြမှုများရှိနေပြီဖြစ်ကာ စပိန်သတင်းမီဒီယာများကလည်း ကော်တင်ညိုအပြောင်းအရွှေ့အတွက် တရားဝင်ဆွေးနွေးမှုများကို ဘာစီလိုနာနှင့် လီဗာပူးအကြား၌ လာမည့်ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်လိမ့်မည်ဟု သတင်းရေးသားမှုများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
26-Dec-2017 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ပွဲကစားချိန်၏ ၈၃ ဒသမ ၁ ရာခိုင်နှုန်းကို လမ်းလျှောက်ရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ကြောင်း Marca က ဖော်ပြထားသည်။
24-Dec-2017 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ၂၀၁၇ ခုနှစ်၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
24-Dec-2017 tagged as Soccer La Liga Barcelona Messi Gerd Muller
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲကြီးငါးခုတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့ကြသူများအနက်၌ အသင်းတစ်သင်းတည်းကို ကိုယ်စားပြု၍ ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် စံချိန်သစ်တစ်ရပ် တင်ရှိသွားနိုင်ခဲ့ပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။
ဘာစီလိုနာကွင်းလယ်ကစားသမား ရာဖင်ညာသည် လာမည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည့် အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်၌ ပါဝင်ကစားနိုင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး ၎င်းအတွက် ဒဏ်ရာပြသနာကြောင့် အနားယူခဲ့ရသည့်အချိန်ကာလများမှာ လွန်စွာ စိတ်ပျက်ဖွယ် ကောင်းလွန်းလှသည်ဟု ရာဖင်ညာက ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။