News

POST TAGGED AS

BARCELONA

22-Jul-2018 tagged as Soccer La Liga Barcelona
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံကို ခေါ်ယူနိုင်ရန် လွန်စွာ နီးစပ်သွားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းလိုက်သော တတိယအကြိမ်မြောက်ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက လက်ခံပေးရန် အခြေအနေကောင်းများရှိနေပြီဖြစ်ကြောင်း El Mundo Deportivo က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer La Liga Barcelona Gremio Arthur
ဘာစီလိုနာအသင်းသည် အသင်းနှင့်လမ်းခွဲသွားခဲ့ပြီဖြစ်သော ဝါရင့်ကွင်းလယ်ကစားသမားကြီး အင်နီယေစတာ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဘရာဇီးကလပ် ဂရီမီယိုအသင်း၏ပါရမီရှင် လူငယ်ကွင်းလယ်ကစာသမား အာသာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်း ပေးချေခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ဘရာဇီးအသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရအပြီးတွင် ဝီလျံအပြောင်းအရွှေ့နှင့်သက်ဆိုင်သော ဆွေးနွေးမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းလိုက်ပြီဖြစ်ပြီး ၎င်း၏တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ ဝီလျံကို မန်ယူထံသို့ခေါ်ယူနိုင်လိမ့်မည်ဟု မော်ရင်ညိုက အခိုင်အမာ ယုံကြည်ထားဆဲဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
19-Jun-2018 tagged as Soccer La Liga Barcelona Messi Salah
ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို တိုက်စစ်ပိုင်းဆိုင်ရာ အင်အားဖြည့်တင်းရန်အတွက် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို အရခေါ်ယူသင့်သည်ဟု အကြံပြုတိုက်တွန်းလိုက်ကြောင်း Marca က ဖော်ပြထားသည်။
15-Jun-2018 tagged as Soccer Barcelona Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်း၏အသင်းဟောင်း ဘာစီလိုနာထံသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရနိုင်ရန် ဆန္ဒရှိနေပြီး ၎င်းကို ပြန်လည်ခေါ်ယူပေးပါရန် ဘာစီလိုနာအသင်းတာဝန်ရှိသူများထံ နေမာက ဆက်သွယ်တောင်းဆိုမှုများရှိနေပြီဖြစ်ကြောင်း El Mundo Deportivo က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Barcelona Messi Griezmann
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို တိုက်စစ်ကို အားဖြည့်ရန်အတွက် ဂရစ်ဇ်မန်းကို အရခေါ်ယူရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပြီဖြစ်ပြီး အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ကျော့ပြန်လည် ချန်ပီယံဖြစ်နိုင်ရေးမှာ ဂရစ်ဇ်မန်းကဲ့သို့သော ကစားသမားမျိုးရှိမှဖြစ်လိမ့်မည်ဟု မက်ဆီက မှတ်ချက်ပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၎င်းအနေနှင့် အခွန်ကိစ္စအတွက် အမှုရင်ဆိုင်ခဲ့ရစဉ်ကာလအတွင်း စိတ်ကျရောဂါရလုနီးပါးဖြစ်ခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ကာ ယင်းသို့ အမှုရင်ဆိုင်နေရစဉ်ကာလအတွင်း မက်ဒရစ်မြို့သားများမှာ ၎င်းကို ပြင်းပြင်းထန်ထန်ပင် ထိုးနှက်တိုက်ခိုက်ခဲ့ကြကြောင်းလည်း မက်ဆီက ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန်ထက် အက်သလက်တီကိုနှင့်စာချုပ်သစ်ချုပ်နိုင်ရန်ကိုသာ ပိုမိုဆန္ဒရှိနေကြောင်း ၎င်းနှင့်ရင်းနှီးသောမိတ်ဆွေများကို ထုတ်ဖော်ပြောကြားထားပြီဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်ကလည်း ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုကသာလျှင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအသင်းဖြစ်သည်ဟု ထောက်ခံပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူရန် ကြိုးပမ်းရာတွင် စည်းမျဉ်းချိုးဖောက်၍ တရားမ၀င်ဆက်သွယ်ခဲ့ဖွယ်ရှိကြောင်း အချက်အလက်များ ထွက်ပေါ်လာခဲ့သည့်အတွက် အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှု ၂ နှစ်ခွဲ ပိတ်ပင်ခံရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် အသင်းထံတွင် ဂရစ်ဇ်မန်း ဆက်ရှိနိုင်စေရေးအတွက် ဘာစီလိုနာထက် လုပ်ခလစာ ယူရို ၁၀ သန်း ပိုပေး၍ စည်းရုံးရေးဆင်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။