News

POST TAGGED AS

BARCELONA

အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် အသင်းထံတွင် ဂရစ်ဇ်မန်း ဆက်ရှိနိုင်စေရေးအတွက် ဘာစီလိုနာထက် လုပ်ခလစာ ယူရို ၁၀ သန်း ပိုပေး၍ စည်းရုံးရေးဆင်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဥရောပဘောလုံးလောက၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားဆု(ရွှေဖိနပ်ဆု)ကို ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပြီး မက်ဆီမှာ လက်ရှိဘောလုံးရာသီတွင် ဘာစီလိုနာအသင်းကို ကိုယ်စားပြု၍ အမှတ်ပေးလိဂ်သွင်းဂိုး ၃၄ ဂိုး ရယူပေးကာ ယင်းဆုကို ရယူသွားနိုင်ခဲ့ကြောင်း AS က ဖော်ပြထားသည်။
21-May-2018 tagged as Soccer La Liga Barcelona Ousmane Dembele
ဘာစီလိုနာအသင်းဆေးအဖွဲ့သည် ဘာစီလိုနာက ဆိုစီဒက်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော စပိန်လာလီဂါ ရာသီသိမ်းပွဲစဉ်တွင် ခြေမျက်စိထိခိုက်သွားခဲ့သော တိုက်စစ်တောင်ပံကစားသမား ဒမ်ဘီလီ၏ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရဖွယ် မရှိသည့်အတွက် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျိန်းသေပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မှတ်ချက်ပေးအပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရရှိခဲ့ပါက ဆွာရက်ဇ်ကို ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကာ ဆွာရက်ဇ်ကိုယ်တိုင်ကလည်း အရန်ကစားသမားအဖြစ် ဖြတ်သန်းရမည့်အခြေအနေကို ရင်မဆိုင်လို၍ အသင်းပြောင်းရန် သေချာနေကြောင်း Daily Star က ဖော်ပြထားသည်။
07-May-2018 tagged as Soccer La Liga Barcelona Jurgen Klopp Dembele
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘာစီလိုနာတိုက်စစ်တောင်ပံကစားသမား ဒမ်ဘီလီကိုခေါ်ယူရန် စိတ်ဝင်စားမှုအပြည့်ရှိသည်ဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ပွဲအစ၌ ချန်ပီယံ ဘာစီလိုနာအသင်းကို ဂုဏ်မပြုရန် မည်သို့သောအကြောင်းအချက်များကြောင့် ဆုံးဖြတ်ခဲ့ရသည်ဆိုခြင်းကို ရှင်းပြသွားခဲ့ပြီး တစ်ပါးသူ၏အောင်မြင်မှုကို အသိအမှတ် မပြုတတ်သောအသင်းအတွက် ထပ်တူတုံ့ပြန်မှုကိုသာ ရရှိခြင်းပင်ဖြစ်သည်ဟု ဇီဒန်းက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာထံသို့ ပြောင်းရွှေ့ပြီးပါက ၎င်း၏နေရာကို အစားဝင်နိုင်လိမ့်မည်ဟု စိတ်ကူးထားလျှင် ယင်းစိတ်ကူးကို ပယ်ဖျက်ပစ်လိုက်ရန် သတိပေးစကား ပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
30-Apr-2018 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ဒီပို့တီဗိုကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် အသင်းအတွက် ဟက်ထရစ်သွင်းဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ စံချိန်တစ်ရပ် ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပြီဖြစ်ပြီး ယင်းစံချိန်မှာ လာလီဂါပြိုင်ပွဲသမိုင်းတွင် ဂိုး ၃၀ နှင့်အထက် ဘောလုံးရာသီ ခုနစ်ရာသီသွင်းယူနိုင်သော ပထမဆုံးကစားသမားဟူသည့်စံချိန်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် မန်ယူတိုက်စစ်မှူး မာတီရယ်လ်နှင့် ဖူလ်ဟမ်တိုက်စစ်တောင်ပံကစားသမား ဆက်ဆီဂနွန်တို့ကို ခေါ်ယူနိုင်ရန် ပထမဦးစားပေးအဖြစ် သတ်မှတ်၍ ထားရှိကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Mar-2018 tagged as Soccer La Liga Barcelona Real Madrid
စပိန်ရဲတပ်ဖွဲ့နှင့် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီတို့သည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကို လုပ်ပွဲဖန်တီးမှုများတွင် ပါဝင်ပတ်သက်မှုများရှိခဲ့သည်ဟု သံသယ၀င်နေပြီဖြစ်ကာ ယင်းပြစ်မှုကို တတိယတန်းနှင့် စတုတ္ထတန်းတို့၌ ပါဝင်ကစားနေသည့် ဘာစီလိုနာလူငယ်အသင်းနှင့် ရီးရဲလ်မက်ဒရစ်လူငယ်အသင်းတို့က ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု စပိန်ရဲတပ်ဖွဲ့က စွပ်စွဲထားကြောင်း Daily Star က ဖော်ပြထားသည်။