News

05-Jul-2018

ဟင်္သာတ BarCamp
ဟင်္သာတ ဘားကမ့်ပွဲ ကျင်းပမည်
ဟင်္သာတ၊ ဇူလိုင် ၎

မြို့ပြနှင့် ကျေးလက်လူငယ်အကြား အသိပညာနည်းပညာနှင့် အခွင့်အလမ်းကွာဟချက် ကျဉ်းမြောင်းရေးအတွက် ဘားကမ့်ပွဲတော်ကို ဟင်္သာတနည်းပညာတက္ကသိုလ်၌ ကျင်းပမည်ဖြစ်ကြောင်း ယင်းပွဲတော်ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမျိုးသူရကိုကိုက ပြောကြားသည်။

ဘားကမ့်ပွဲတော်ကို စတုတ္ထအကြိမ်မြောက်အဖြစ် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသည့် မြို့ခံလူငယ်များ အပါအဝင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့ရှိ ကျောင်းပြီးတော့မည့် ကျောင်းသားလူငယ်များအနေနှင့် ကိုယ်ရေးအကျဉ်းများကို တစ်ပါတည်း ယူဆောင်၍ Job Center တွင် တစ်ပါတည်း အလုပ်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကျောင်းသားလူငယ်များအပြင် အသက်အရွယ်အကန့်အသတ်မရှိ အသိပညာများကို အခမဲ့ဖြန့်ဝေနေခြင်းဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ သိရှိခွင့်ရမည်ဖြစ်ခြင်းကြောင့် မည်သူမဆို တက်ရောက်စေလိုကြောင်း Organizer တစ်ဦးဖြစ်သူ ကိုစွမ်းထက်ကဆိုသည်။

R-13



FOLLOW US